ပြည်ပချေးငွေ မှန်ကန်စွာ အသုံးပြု ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2014.09.19

မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေကို လက်ခံရ မှာဖြစ်သလို အဲဒီချေးငွေတွေ အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာလည်း မှန်ကန်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကမ္ဘာ့ဘဏ်၊ ကိုးရီးယားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေနဲ့ အီတလီနိုင်ငံ Italy Development Cooperation တို့ကနေ အမေရိကန် ဒေါ်လာ ၁၄၅ သန်းနဲ့ ယူရိုသန်း ၂၀ ချေးယူဖို့အတွက် ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အခု လို ပြောခဲ့တာပါ။
"မိမိနိုင်ငံအခြေအနေအရ ချေးရမှာပဲ၊ အများပြည်သူအတွက် ချေးတယ်ဆိုလို့ရှိရင် ချေးပါ ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ လုပ်ပုံကိုင်ပုံ မှန်ဖို့လိုပါတယ်၊ တကယ်သူတို့ရွေးတဲ့ Project တွေက မှန်ဖို့လိုပါ တယ်၊ သူတို့ရဲ့ ပြန်ပြီးတော့ ချေးငွေဆပ်ရမယ့် အခြေအနေကတော့ မဆိုးပါဘူး"
အဲဒီချေးငွေတွေကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရထားတွဲနဲ့ လမ်းပိုင်းတိုးမြှင့်ရေး စတဲ့လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။