ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးယူဖို့ လွှတ်တော်သဘောတူ


2014.09.18

ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်ကနေ ချေးငွေယူ ဖို့  ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ယူခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ချေးငွေယူမယ့် ဝန်ကြီးဌာနတွေအနေနဲ့ အသုံးပြုခဲ့တာတွေကို စီစစ်ခံနိုင်ဖို့ လိုအပ်တယ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

"ယခု အစိုးရလက်ထက်မှာ ပြည်ပထောက်ပံ့မှှုတွေကလည်းကောင်း၊ ချေးငွေပေးသောသူများထံမှသော် လည်းကောင်း ချေးယူနေသည်၊ နောက် ၃၈ နှစ်အတွင်း တက်လာမယ့် အစိုးရရဲ့တာဝန်သာ ဖြစ်တယ်ဆိုပြီး၊ ပခုံးပေါ်တင်ပေးလိုက်ခြင်းလို့တော့ မဖြစ်သင့်ပါဘူး၊ နိုင်ငံခြားချေးငွေများ အသုံးပြုခြင်းအပေါ်မှာ အသုံးပြု သွားသော သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက်ထား စိစစ်ခန့်မှန်းရန် အသင့်ပြင်ထားစေချင် လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ လက်ရှိအစိုးရအနေဖြင့် တာဝန်ပိုကြီးလာပါလိမ့်မယ်လို့ ယူဆရင်းနဲ့ နိဂုံးချုပ်တင်ပြအပ်ပါတယ်ရှင်"

အဲ့ဒီချေးငွေ အမေရိကန်ဒေါ်လာ သန်းတစ်ရာဟာ အတိုးမဲ့ချေးငွေဖြစ်ပါတယ်။  ကမ္ဘာ့ဘဏ်ကို ဝန်ဆောင်ခအဖြစ် တစ်နှစ် ၀ ဒသမ ၅ ရာခိုင်နှုန်းပေးရမှာဖြစ်ပြီး ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ် ကာလ ၃၂ နှစ်သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်းငါးထောင်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။