ဆန္ဒပြ ယီမင်ဖိနပ်စက်ရုံမှာ ပြေလည်မှုရရှိ


2014.09.19

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၂ မှာရှိတဲ့ ယီမင်ဖိနပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော် တောင်း ဆိုနေတဲ့ တစ်ရက်လုပ်ခ ကျပ် ၁၈၀ နဲ့ ရှားပါးစရိတ် တစ်လကျပ် ၁ သောင်းခွဲအထိ တိုးပေးဖို့ကို အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။

အလုပ်ရှင် အလုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးတဲ့အခါ လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြမှာဖြစ်တယ်လို့  ယီမင်ဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမား ကိုဆက်ပိုင်က ပြောပါတယ်။

"လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ပြီးတော့ သဘောတူသွားတယ်ပေါ့နော်၊ စာချုပ်ချုပ်ပေးမယ်နော်၊ ဒီလိုပြောတာပဲ၊ ဘယ်အချိန်လာမလဲလို့ တရားဝင်မပြောသေးဘူး၊ စာချုပ်မချုပ်ရသေးတဲ့ အတွက် စက်ရုံပြင်ပမှာပဲရှိပါတယ်၊ စာချုပ်ချုပ်ပြီးမှ ကျနော်တို့ အလုပ်သမားတွေအားလုံး တနင်္လာနေ့လုပ်ငန်းခွင် ကို ပြန်ပြီးဝင်မယ်ခင်ဗျ"

ယီမင်ဖိနပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ နေ့ကြေး ကျပ် ၅၀၀ တိုးပေးဖို့နဲ့ ရှားပါးစရိတ် ကျပ် ၃ သောင်း အထိ တိုးပေးဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ရက်နေ့ကစပြီး ဆန္ဒပြတောင်းဆို နေကြတာဖြစ်ပါတယ်။

ယီမင်ဖိနပ်စက်ရုံ အလုပ်သမားတွေဟာ တစ်လ ကျပ် ၆ သောင်းနီးပါးကနေ ၈ သောင်းလောက်အထိ ရကြပြီး ရှားပါးစရိတ် ကျပ် ၇၀၀၀ကျော် ရရှိနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။