သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-16
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦး ကို အဖွဲ့ဝင်အဖြစ် မြန်မာအစိုးရကပါဝင်ဖို့ အမည်စာရင်း ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
2012-09-16
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပူးပေါင်းနိုင်ရေးအတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနေ့က တရားဝင် စာရေးသား ကမ်းလှမ်းလိုက်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်အေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
2012-09-16
မကြာသေးခင်က ရေနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ အခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
2012-09-16
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။
2012-09-16
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း လယ်ယာမြေအသိမ်းခံရတဲ့ ကာယကံရှင် လယ်သမားကြီးတွေနဲ့ လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုင်ရာ စောင့်ကြည့် ပံ့ပိုးရေးကော်မတီတွေ ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။
2012-09-15
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ကရင်ဒုက္ခသည် တစ်သိန်းကျော်ကို မြန်မာနိုင်ငံ ပြန်ပို့ ပြီဆိုရင် မူရင်းဒေသတွေမှာ အဆင်ပြေပြေ အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမယ်လို့ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက RFA ကို မနေ့က ပြောကြားခဲ့ပါတယ်။
2012-09-15
ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော် အဆောက်အဦဝင်း အတွင်းက သဘင်ဆောင်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။
2012-09-15
မြန်မာနိုင်ငံက ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ ရှေးခေတ် ပျူမြို့ဟောင်း(၃) မြို့ကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းနိုင်ဖို့အတွက် ကွင်းဆင်းသုတေသန အချက်အလက် မူကြမ်းတွေကို ယူနက်စကို (UNESCO) အဖွဲ့ဆီ အခုလ နောက်ဆုံးပတ်အတွင်း စတင်တင်သွင်းမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက မနေ့က ပြောကြားခဲ့ပါတယ်။
2012-09-15
အမေရိကန်က သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေသေးတဲ့ နာမည်ပျက် နိုင်ငံစာရင်းထဲမှာ မြန်မာ၊ ဗင်နီဇွဲလားနဲ့ ဘိုလီးဗီးယားနိုင်ငံတို့ကို ဆက်လက် ထည့်သွင်းထားကြောင်း အမေရိကန် အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2012-09-15
မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်မှာရှိတဲ့ မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။
2012-09-15
မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေကြတဲ့ ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော် ဦးဆောင်တဲ့ အမိမြေငြိမ်းချမ်းရေးအဖွဲ့ကို နိုင်ငံရေး မျိုးဆက်သစ်တွေအဖြစ် ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-09-15
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမေရိကန်ပြည်ထောင်စု NGO အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ NED ခေါ် ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့အတွက် ဝါရှင်တန်ဒီစီ လာရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
2012-09-15
ပဲခူးတိုင်း ပြည်ခရိုင်က ရှေ့နေတွေကို အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ အခွန်ဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်က နှုတ်ကတိပြု ပြောဆိုတယ်လို့ သတင်း ရရှိပါတယ်။
2012-09-15
"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနဲ့အမျိုးသမီးများရဲ့အခန်းကဏ္ဍ" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပြီး NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်း၊ အမေရိကန် ပြည်ထောင်စုက အမျိုးသမီးသတ္တိရှင်ဆု ချီးမြင့်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်နဲ့ Triangle အမျိုးသမီး မြှင့်တင်ရေးအဖွဲ့ အကြီးအကဲ မခင်လေးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။
2012-09-15
ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒုတိယအကြိမ်မြောက်အဖြစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်အဆောက်အဦးဝင်း အတွင်းက သဘင်ဆောင်မှာ ဒီကနေ့စတင် ကျင်းပခဲ့ပါတယ်။