ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူ KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း
2012.09.16

ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက် တပ်ရင်း (၁၁) က ကိုယ်ဝန် (၃) လ လွယ်ထားရတဲ့ မဂျာဒွဲနူးကို စုဆောင်းရေး ဆွဲသွားတာနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက RFA ကို အခုလိုပြောပြပါတယ်။
"၉ လပိုင်း ၁ ရက်နေ့ စနေနေ့ ည ၁၀ နာရီ ၄၅ မှာ ကျွန်တော်အပြင်ကို မီးသီးသွားဝယ်တုန်း အချိန်လေးမှာပဲ ကျွန်တော့်မိန်းမကို ကျွန်တော်အသွားအပြန် ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီအချိန်မှာ ၈၁ က တပ်သားအဆင့်ရှိ ချစ်အောင်ဆိုတဲ့ တစ်ယောက်ရယ်၊ အဖော်တစ်ယောက်ရယ် ကျွန်တော့်မိန်းမကို စုဆောင်းရေးဆွဲတယ် ဆိုပြီးတော့ ဆွဲသွားပါတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ကလည်း ၃ လ ပါသွားတယ်။ အဲဒီတော့ ကျွန်တော့်ကို (KIA) ဋ္ဌာနချုပ်က လူကြီးမင်းများအနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ မိသားစုများအားလုံးကလည်း မိန်းမ ပြန်လာဖို့အတွက် ဆုတောင်ရင်းနဲ့ ကိုယ်ချင်းစာပြီး အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ အသနားခံပြီးတော့ တောင်းဆိုအပ်ပါတယ်"
ဒီလ ပထမပတ်အတွင်းက မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ချီမှော်ဒေသမှာ KIA တပ်ရင်း ၅ ကအမျိုးသား၊ အမျိုးသမီး (၅၀) ကျော်ကို စစ်သားအဖြစ် အဓမ္မ စုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးညှင်းမြို့ပေါ်က လုပ်ငန်းရှင်အချို့လည်း KIA ရဲ့ ဆက်ကြေးကောက်ခံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |