RNDP ပါတီနှင့် ပူးပေါင်းရေး ALD ပါတီကမ်းလှမ်း
2012.09.16
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ အဲသည်လို ပါတီ ၂ ခု ပူးပေါင်းနိုင်ရေး ကမ်းလှမ်းတာနဲ့ ပတ်သက်ပြီး ဦးအေးကျော်က အခုလို ပြောပါတယ်။
"ပြည်သူတွေက ရခိုင်ပြည်မှာ နှစ်ပါတီ ဖြစ်တာကို မလိုလားဘူး ဆိုပြီးတော့ ပြောနေကြတဲ့အတွက် ကျွန်တော်တို့က တစ်ပါတီ ဖြစ်စေချင်တဲ့အတွက် ပေါင်းစည်းလိုတဲ့သဘောနဲ့ ကျွန်တော်တို့ဒီလိုလုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ"
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ပူးပေါင်းနိုင်ရေးအတွက် ကမ်းလှမ်းလိုက်တဲ့ အချက်တွေထဲမှာ အမျိုးသား ညီညွတ်ရေးအတွက် ရခိုင်ပါတီအသီးသီး၊ အင်အားစု အသီးသီးကို ပေါင်းစည်းလိုတဲ့ ဆန္ဒရှိတဲ့အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးကို အမြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း ပူးပေါင်းနိုင်ရေးကိစ္စတွေ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။