အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တွေ၊ IPU နိုင်ငံတကာ ပါလီမန်အမတ်များ သမဂ္ဂအဖွဲ့က ကိုယ်စားလှယ်တွေ၊ စာပေ၊ ဂီတ အနုပညာနဲ့ လူမှုရေးနယ်ပယ်က ပုဂ္ဂိလ်တွေ စုစုပေါင်း လူ ၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံမှာ ပွင့်လင်းမြင်သာမှုနဲ့တကွ ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားဖို့ လိုတယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ တိုင်းရင်းသားပါတီ (၁၇) ပါတီနဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူလူထုကိုယ်စားပြု ကိုယ်စားလှယ်တွေက ဒီမိုကရေစီနဲ့ဆိုင်တဲ့ စာတမ်းတွေ ဖတ်ကြားခဲ့ကြပြီး အခမ်းအနား ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အဖွဲ့ဝင်တွေက သတင်းစာဆရာတွေနဲ့ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။
ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအကြောင်း မအင်ကြင်းနိုင်က တင်ပြထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။