သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-19
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
2019-07-18
အမေရိကန်နိုင်ငံခြားရေးဌာန ဦးဆောင်ကျင်းပတဲ့ ၂ဝ၁၉ ခုနှစ် ဘာသာရေးလွတ်လပ်မှု မြှင့်တင်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံကနေ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း သီးသန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-07-18
မြန်မာနိုင်ငံကို ဝင်ခွင့်မရလို့ ထိုင်းနဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံအခြေအနေများကို လေ့လာခဲ့သူ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရှိချက် ပဏာမ အစီရင်ခံစာတစောင်ကို ထုတ်ပြန်လိုက်ပါတယ်။
2019-07-18
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-07-18
ရခိုင်ပြည်နယ်မှာ တပ်မတော်ကစစ်ကြောရေးဆောင်ရွက်စဉ် အသက်မသေဘဲကျန်ရစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် က လက္ကာကျေးရွာသား ၂၃ ဦးကို စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပါတယ်။
2019-07-18
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ဆန္ဒပြလို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ အောင်သပြေကျေးရွာသား ကိုကျော်ဇေယျ ကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ထောင်ဒဏ် သုံးလ ချမှတ်လိုက်ပါတယ်။
2019-07-18
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုကို ရက်ပေါင်း ၁၆ဝ အတွင်း အပြီးစစ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2019-07-18
လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး တပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတွေက တပ်မတော်အပေါ် မလေးမစား တာဝန်ပျက်စေမှု ပုဒ်မ ၅ဝ၅ (က) အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ပါ စွပ်စွဲတိုင်ကြား အမှုဖွင့်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးက ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။
2019-07-18
မြန်မာနိုင်ငံမှာထုတ်သည်ဆိုတဲ့ ယာဘဆေးပြားတွေ အိမ်နီးချင်းမူးယစ်ဆေးဝါးဈေးကွက်သာမက သြစတြေးလျနဲ့ ဂျပန်ထိရောက်ရှိနေပြီး ရရှိတဲ့အမြတ်အစွန်းတွေကို ကာစီနိုလောင်းကစားရုံတွေမှာ ငွေကြေးခဝါချတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြပါတယ်။
2019-07-18
ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု ရှစ်ရှားတောင်ကျေးရွာနဲ့ ဥယျာဉ်သာကျေး ရွာအကြားမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှစ်ရှားတောင်ကျေးရွာက နေအိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။
2019-07-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြင်ဆင်ချက်တွေများလို့ တိုင်းပြည်အတွက် အန္တရာယ်ရှိ လာနိုင်တယ်ဆိုတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်မောင်မောင်ရဲ့ စကားဟာ ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်တဲ့ သဘောလားလို့ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးအောင်သိန်းက မေးခွန်းထုတ်လိုက်ပါတယ်။
2019-07-18
ရခိုင်ပြည်နယ်မှာ တပ်မတော်ကစစ်ကြောရေးဆောင်ရွက်စဉ် အသက်မသေဘဲကျန်ရစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် က လက္ကာကျေးရွာသား ၂၃ ဦးကို စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး သူတို့နှိပ်စက်ခံခဲ့ရတဲ့ အဖြစ်မှန်တွေကို တပ်မတော်တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ မိသားစုတွေက တောင်းဆိုကြပါတယ်။
2019-07-18
ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နဲ့ အင်းယားကန်ဘောင်ကနေ တကသရင်ပြင်ကို ချီတက် လမ်းလျှောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်က တကသ ကျောင်းသား ကိုမင်းဟန်ထက်နဲ့ တကသ ကျောင်းသားဟောင်း ကိုဇင်မင်းဖြိုးတို့ကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ ငြိမ်းစုစီဥပဒေ ပုဒ်မ(၁၉)နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပါတယ်။
2019-07-18
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ ဒီနေ့မနက် တေ့ွဆုံရာမှာ တပ်မတော်က တပ်စခန်းသစ်တည်ဆောက်နေတဲ့ကိစ္စနဲ့ တပ်သိမ်းမြေ ပြဿနာတွေကို ဆွေးနွေးခဲ့ပေမယ့် သီးခြားသဘောတူညီချက် မရခဲ့ဘူးလို့ KNPP က ပြောပါတယ်။
2019-07-18
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုကို ရက်ပေါင်း ၁၆၀ အတွင်း အပြီးစစ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက သတ်မှတ်လိုက်ပါတယ်။