ဖွဲ့စည်းပုံပြင်ဆင်ရေး ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ပြောကြားချက်အပေါ် NLD အမတ် မေးခွန်းထုတ်


2019.07.18
aungthein-nld-622.jpg NLD ပါတီ ကိုယ်စားလှယ် ဦးအောင်သိန်း ကို ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့ကတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြင်ဆင်ချက်တွေများလို့ တိုင်းပြည်အတွက် အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ စကားဟာ ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်တဲ့ သဘောလားလို့ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးအောင်သိန်း က မေးခွန်းထုတ်လိုက်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာမှာ အချက်ပေါင်း ၃၇၆၅ ချက်ပါဝင်တာကြောင့် များပြားလွန်းတဲ့အတွက် တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ မနေ့က သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ အင်န်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အဲဒီစကားအတွက် တာဝန်ယူရမယ်လို့လည်း ဒီနေ့ တုံ့ပြန်ပြောလိုက်ပါတယ်။

အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြခဲ့တာပါ။

အဲဒီထဲမှာ SNLD ပါတီက အချက်ပေါင်း ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီက ၈၅၈ ချက်၊ အာဏာရ အင်န်အယ်လ်ဒီပါတီက အချက် ၁၀၀ ကျော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၀ ချက် တင်သွင်းထားတာပါ။

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးစတင်ကတည်းက အခန်း ၁၂ ပါပြဌာန်းချက်တွေနဲ့ မညီညွတ်လို့ဆိုပြီး ကန့်ကွက်ခဲ့သလို ဒီအစီရင်ခံစာမှာ အဆိုပြုချက်တင်သွင်းတာလည်း မရှိခဲ့ပါဘူး။

အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီရဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ချက်အစီရင်ခံစာနဲ့ ပတ်သက်ပြီး မကြာခင် လွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။