တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ မိသားစုဝင်တွေကို ကန်ပိတ်ဆို့အရေးယူမှု USCIRF ကြိုဆို
2019.07.19

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကော်မရှင်ရဲ့ ဥက္ကဋ္ဌ တိုနီပါကင်က - အခုလိုအရေးယူလိုက်တာဟာ ကြိုဆိုရမယ့် ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခုလို အစိုးရပိုင်းက အရေးမယူနိုင်တဲ့ အနေအထားမျိုးမှာ မြန်မာစစ်တပ်နဲ့ တခြားတာဝန် ရှိတဲ့ အဖွဲ့အစည်းတွေအပေါ် စီးပွားရေးပိတ်ဆို့တာမျိုး ပစ်မှတ်ထားအရေးယူတာတွေ ဆောင်ရွက်ဖို့ စဉ်းစား သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
USCIRF ရဲ့ ကော်မရှင်အဖွဲ့ဝင်သုံးဦးဟာ ပြီးခဲ့တဲ့ဇွန်လ က မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပြီး၊ အစိုးရ အဖွဲ့ဝင်တွေ၊ တပ်မတော်အရာရှိတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။