သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-14
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း ကို ရပ်ဆိုင်းထားပြီး စာနယ်ဇင်းအပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖြေရှင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2013-03-13
ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်မှာ အင်္ဂါနေ့ က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-03-13
ထိုင်းမြန်မာနယ်စပ်၊ တက်ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၉၉ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တတိယနိုင်ငံ ထွက်ခွာခွင့်ပြု လိုက်တယ်လို့ သိရှိရပါတယ်။
2013-03-13
၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပေါ်လာဖို့ အစပျိုးလိုက် တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာထိမှန်ပြီး ကျဆုံးခဲ့တဲ့ ၂၅ နှစ်မြောက်နေ့ကို တရားဝင် အစိုးရရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2013-03-13
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် လက်အောက်မှာရှိတဲ့ ဆန်စပါး အထူးပြု ကုမ္ပဏီတွေ အပါအဝင် စိုက်ပျိုးရေး ကုမ္ပဏီတွေအနေနဲ့ ပေါင်းစည်းလယ်ယာစနစ် Contract farming System ကိုအသုံးပြုပြီး လာမယ့်စိုက်ပျိုးရာသီမှာ လယ်ဧက တစ်သန်းကျော် စိုက်ပျိုးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-03-13
အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ Fulbright နိုင်ငံရပ်ခြားကျောင်းသား ပညာသင်ဆုကို ၂၀၁၄ ခုနှစ်အတွက် စတင် လျှောက်ထားနိုင်ပြီလို့ အမေရိကန်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။
2013-03-13
မနေ့က လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာပါ အချက်တွေကို မကျေနပ်ကြတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေဟာ ဒီကနေ့ နေ့လည်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ တုံရွာထိပ်ကနေ မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါ တယ်။
2013-03-13
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် မိမိတို့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကြေးနီတောင်စီမံကိန်းဒေသခံတွေ နဲ့ တွေ့ဆုံစဉ် ပြောလိုက်ကြောင်းသိရပါတယ်။
2013-03-12
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲမှုမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက မီးစုန်းဓာတ်လို့ခေါ် တဲ့ ဖော့စ်ဖရပ်စ်ဓာတ်ပါတဲ့ဗုံးတွေ အသုံးပြုခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ဆန့်ကျင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
2013-03-12
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကျဆုံးခဲ့ပြီး တပါတီအုပ်ချုပ်ရေးစနစ်အောက်ကနေရုံးထွက်ဖို့ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့တဲ့ဖြစ်ရပ်ဟာ ဒီနေ့ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားဟောင်းတချို့ရဲ့ စကားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
2013-03-12
အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေတဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။
2013-03-12
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းပါအချက်တွေကို သတင်းမီဒီယာသမားတွေအပါအဝင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက မတ်လ ၁၂ ရက် ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲတခု ကျင်းပပြီး ကန့်ကွက်လိုက်ကြ ပါတယ်။
2013-03-12
ဒီကနေ့ မတ်လ ၁၂ ရက် သတင်းစာမှာ ဖော်ပြထားတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ် လက်ပန်းတောင်းတောင် ဒေသခံတွေ က ကန့်ကွက်ခဲ့ကြပါတယ်။
2013-03-12
လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်း စစ်ဆေးရေး ကော်မရှင်မှာ တာဝန် ယူူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မတ်လ ၁၂ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-03-12
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေအတိုင်း ပြင်ဆင်မယ်ဆိုရင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့် ပါကြောင်း မတ်လ ၁၂ ရက် ဒီကနေ့မှာ ထုတ်ပြန်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။