Fulbright လျှောက်လွှာတင်နိုင်ပြီ


2013.03.13

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ Fulbright နိုင်ငံရပ်ခြားကျောင်းသား ပညာသင်ဆုကို ၂၀၁၄ ခုနှစ်အတွက် စတင် လျှောက်ထားနိုင်ပြီလို့ အမေရိကန်သံရုံးက မတ်လ ၁၃ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လျှောက်ထားမယ့်သူတွေဟာ မြန်မာနိုင်ငံသားဖြစ်သူ၊ ဘွဲ့ရပြီးသူ၊ အင်္ဂလိပ်စာ TOEFL ရမှတ် (၅၇၅) မှတ် ဒါမှမဟုတ် IELTS ရမှတ် (၆.၅) အထက်ရရှိထားသူ၊ မိမိလျှောက်ထားမယ့် ဘာသာရပ်မှာ ဘွဲ့ရထားသူ ဒါမှမဟုတ် လုပ်ငန်းအတွေ့အကြုံရှိသူတို့ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီပညာသင်ဆု ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို ပညာရေးစရိတ်၊ နေရာထိုင်ခင်းစရိတ်၊ ကျန်းမာရေးနဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် အကျိုးခံစားခွင့်၊ စာအုပ်စာတမ်းကြေးနဲ့ ခရီးစရိတ်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် ဧပြီလ၊ မေလနဲ့ ဇွန်လမှာ ဖူးလ်ဘရိုက် ပညာသင်ဆုအကြောင်းကို ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ ဆွေးနွေး ဟောပြောသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။