ကော်မရှင် အစီရင်ခံစာ ဒေသခံတွေ ကန့်ကွက်


2013.03.12
lattpandaung_copper_mine_305 နိုဝင်ဘာ ၂၆ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် ရန်ကုန်မြို့၊ ဆူးလေဘုရား အနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်။
Photo: RFA/Thiha Htun

ဒီကနေ့ မတ်လ ၁၂ ရက် သတင်းစာမှာ ဖော်ပြထားတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ် လက်ပန်းတောင်းတောင်ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင် ဒေသခံတွေဟာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အစည်းအဝေးကျင်းပ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လက်ပန်းတောင်းတောင်အရေး ကူညီနေသူ မြန်မာနိုင်ငံဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားများကွန်ရက်က ကိုသောင်းထိုက်က ပြောပါတယ်။

ဒီကနေ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အစိုးရက အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကော်မတီတစ်ခု ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကော်မတီမှာ ဒေသခံတွေ ရွေးချယ်ထားသူတစ်ယောက်မှ မပါဝင်ဘူးလို့လည်း ဒေသခံတွေက ထောက်ပြကြပါတယ်။

ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ပညာရှင်တွေ၊ ဒေသခံပြည်သူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။