ဒုက္ခသည်အချို့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမယ်
2013.03.13

ထိုင်းမြန်မာနယ်စပ်၊ တက်ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၉၉ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တတိယနိုင်ငံ ထွက်ခွာခွင့်ပြုလိုက်တယ်လို့ သိရှိရပါတယ်။
အခုလိုထွက်ခွာခွင့် ပြုလိုက်သူတွေဟာ ၂ဝဝ၄-၂ဝဝ၅ နှစ်ကာလက ဒုက္ခသည် အဖြစ် လျောက်ထားခဲ့သူတွေဖြစ်ပြီး ရှေ့လထဲမှာ ပထမအသုတ်အနေနဲ့ လူ ၂ဝ ခန့်စခန်းကနေ ထွက်ခွာမယ်လို့သိရပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်စုစုပေါင်း ၄ဝဝဝ ခန့်ရှိရာမှာ ယခင်နှစ်ကာလတွေက ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူက ၁ဝဝဝ ခန့်နဲ့ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်ကာလက ထပ်မံလျှောက်ထားခဲ့သူ ဒုက္ခသည်သစ်က ၃ဝဝဝ ခန့်ရှိပါတယ်။
အခုလို ထွက်ခွာခွင့်ပြုလိုက်တဲ့ ဒုက္ခသည် ၉၉ ယောက် ဟာ တတိယနိုင်ငံ တခုခုမှာမိဘဆွေမျိုး ညီအကို မောင်နှမတွေရှိသူတွေဖြစ်တယ်လို့ UNHCR က ပြောဆိုကြောင်းနဲ့ အများစုဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။