သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-10
အင်းစိန် အကျဉ်းထောင်က အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ ဆန္ဒပြပွဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က အဆုံးသတ် လိုက်ပြီလို့ ယူဆကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောဆိုပါတယ်။
2011-11-10
ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ မန္တလေးတိုင်း အင်န်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ ပြန်လွတ်ပြီဆိုတဲ့ သတင်းတွေကြောင့် ဒေါ်ဝင်းမြမြ အကျဉ်းထောင်မှာ ရှိမရှိ စစ်ဆေးဖို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပူတာအို ထောင်ပိုင်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
2011-11-10
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးဖို့ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ မကြာခင် လွတ်မြောက် လာလိမ့်မယ်လို့ ထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
2011-11-09
မလေးရှားနိုင်ငံ အခြေစိုက် Asia Motor ကားကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၄၄ သန်း ကုန်ကျမယ့် ကားစက်ရုံ တစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။
2011-11-09
ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကို မနေ့က နိုဝင်ဘာလ ၉ ရက်နေ့က ခမ်းခမ်းနားနား စတင် ကျင်းပပြုလုပ်ရာမှာ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ၂၃ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ပါဝင်ဆင်နွဲခွင့် ရရှိခဲ့ကြောင်း သိရှိရပါတယ်။
2011-11-09
ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆုတွေကို နိုဝင်ဘာ ၂၀ ကျရင် ရန်ကုန်မြို့ အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပမဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပေးအပ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
2011-11-09
အကျဉ်းကျနေရာက ပြီးခဲ့တဲ့လက ပြန်လွတ်လာတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး မကွေးတိုင်းက လယ်သမားတွေနဲ့ ပြည်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပြီး လယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြောင်း ပြောဆို ဆွေးနွေးကြတယ်လို့ သိရပါတယ်။
2011-11-09
ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် အကျဉ်းထောင် အသီးသီးမှာ ကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ဆက်လုပ်သွားမယ်လို့ မကြာသေးမီက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-11-09
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ဦးမောင်ကို ကွယ်လွန်တဲ့ ၂၁ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ကျန်ရစ်သူ မိသားစုက ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်း ကန်ဖျား ကျောင်းတိုက်မှာ ဒီကနေ့ ဆွမ်းကျွေး အလှူဒါန ပြုခဲ့ပါတယ်။
2011-11-09
ပါတီခေါင်းဆောင် နှစ်ဦးလုံးကို အစိုးရက ထိန်းသိမ်းထားဆဲ ဖြစ်တာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အက်စ်အင်အယ်လ်ဒီ အနေနဲ့ ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ အစီအစဉ် မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-11-09
ရန်ကုန်မြို့ကုန်သည်လမ်း ဗြိတိသျှ သံရုံးရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီလောက်က လူ ၂၀ ခန့် ဆန္ဒပြဖို့ လာရောက် စုဝေးခဲ့ကြပြီး မိနစ် ၃၀ လောက် အကြာမှာ လူစုခွဲသွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
2011-11-08
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း တစ်လှမ်းချင်း အလိုက် တုံ့ပြန်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Victoria Nuland က မနေ့က ထပ်ပြီး ပြောကြားလိုက်ပါတယ်။
2011-11-08
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးရစေဖို့ အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့လိုကြောင်း NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2011-11-08
မြန်မာကို အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ နေရာပေးရေး ဆုံးဖြတ်ချက်ကို အချိန်ယူဖို့ မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC က ပြောပါတယ်။
2011-11-08
ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ပူးပေါင်းပြီး လွတ်လပ်မှုကိုဖော်ကျူးတဲ့ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲတစ်ရပ် လွတ်လပ်ရေးနေ့မှာ ကျင်းပဖို့ စီစဉ်နေကြောင်း အာရ်အက်ဖ်အေက ထုတ်လွှင့်ခဲ့ဲပြီးဖြစ်ပါတယ်။