မကွေးတိုင်းက လယ်သမားများနဲ့ မစုစုနွေး တွေ့ဆုံ

အကျဉ်းကျနေရာက ပြီးခဲ့တဲ့လက ပြန်လွတ်လာတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး မကွေးတိုင်းက လယ်သမားတွေနဲ့ ပြည်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပြီး လယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြောင်း ပြောဆို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

2011.11.09
su-su-nway-chaos-305 လောင်စာဆီဈေးနှုန်းများ မြှင့်တင်မှုကို ကန့်ကွက် ဆန့်ကျင်သည့် ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ ၂၈ရက် ဆန္ဒပြပွဲတွင် အရပ်ဝတ် လုံခြုံရေး (ရှေ့တန်းမှ ယာ) က ဖမ်းဆီးနေသော မိမိတို့ လူတဦးကို မစုစုနွေး (အလယ်) က အတင်း ပြန်ဆွဲလုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
AFP

လာရောက် တွေ့ဆုံကြတဲ့ လယ်သမား စုစုပေါင်း ၁၀၀ ကျော်ပါတယ်။ မစုစုနွေးနဲ့ တွေ့ဆုံခဲ့သူ လယ်သမား တစ်ဦးက အခုလို ပြောပြပါတယ်။

“မကွေးတိုင်း ပယ်ကျ ထောက်မ ဝဲကြီး အုပ်စု၊ ပြီးတော့ ပိတောက် ဥသျှစ်ပင်ဘက်က လယ်သမားတွေ ပါပါတယ်။ သဲကုန်း ပုတီးကုန်းဘက်ကလည်း ပါပါတယ်။”

အာဏာပိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက မိမိတို့ လယ်မြေတွေ သိမ်းလိုက်ကြောင်း၊ ရသင့် ရထိုက်တဲ့ နစ်နာကြေးတွေ မရကြောင်း အပြင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လယ်သမား အများစုက လာရောက် ရင်ဖွင့်ကြတယ်လို့ မစုစုနွေးက ပြောပါတယ်။

လတ်တလော မိမိအနေနဲ့ ထောင်ကလွတ်တာ တစ်လပဲ ရှိသေးတာကြောင့် အခြေအနေ အရပ်ရပ် သိရှိအောင် ကြိုးစားပြီးမှ လယ်သမားတွေ ရသင့်ရထိုက်တာတွေကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ မစုစုနွေးက အာရ်အက်ဖ်အေကို ပြောဆိုပါတယ်။

မစုစုနွေးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။