ခေါင်းဆောင်တွေ မလွတ်မချင်း ပါတီ မှတ်ပုံတင်မှာ မဟုတ်လို့ SNLD ပြော
2011.11.09

RFA
"ကျွန်တော်တို့
ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ နှစ်ယောက်လုံး
ထောင်ထဲရောက်နေတယ်ဆိုတော့ သူတို့ရဲ့လွတ်မြောက်ရေးကို အရင်ကြိုးပမ်းရမှာဆိုတော့ ပါတီဆက်လက်မှတ်ပုံတင်ရေးကို
အခုချိန်ထိ လုံး၀ မစဉ်းစားပါဘူးခင်ဗျ။"
ပါတီခေါင်းဆောင်တွေ ပြန်လွတ်လာမယ် ဆိုရင်တော့ ပါတီ မှတ်ပုံတင်ရေး ကိစ္စကို ဗဟိုဦးစီး အဖွဲ့ဝင် အားလုံးရဲ့သဘောထားနဲ့ ဆုံးဖြတ်မယ်လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။
အက်စ်အင်အယ်လ်ဒီ အပါအဝင် တခြား တိုင်းရင်းသား ပါတီတွေ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ ယူအင်န်အေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ လာမယ့် သီတင်းပတ်ထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။
ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ပေးထားပြီး အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ကလေး အကျဉ်းထောင်မှာ ၈၅ နှစ် ချမှတ်ထားပါတယ်။
အက်စ်အင်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။