ဦးမောင်ကို ကွယ်လွန်တာ ၂၁ နှစ် ပြည့်ပြီ
2011.11.09
အဲဒီပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ဗဟို အလုပ်အမှုဆောင်တွေ သွားရောက်ခဲ့ကြတယ်လို့ အင်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
အခမ်းအနားကို ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အင်အားစုတွေနဲ့ စာပေ အနုပညာ လောကက ပုဂ္ဂိုလ် အများအပြား လာရောက်ကြတယ်လို့စာရေးဆရာ ဖျာပုံ နီလုံဦးက ပြောပါတယ်။
“စာပေလောကထဲက လူတွေ ဆိုရင်တော့ ကိုမိုးသူတို့ ကိုဝံသတို့၊ ရုပ်ရှင်လောကထဲက ဆိုရင်တော့ ကိုဇာဂနာတို့ ကိုအောင်လွင်တို့ သူတို့လာတယ်။ ကျွန်တော်တို့ အင်န်အယ်လ်ဒီကတော့ အကုန် တော်တော်များများ စီအီးစီတို့၊ တိုင်းစည်းတို့ မြို့နယ်စည်းတို့ တော်တော်များများ လာကြတယ်။ နောက် ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) လာတယ်၊ စာရေးဆရာမ ခင်လှိုင်ကြူ လာတယ်။ စာရေးဆရာမ တော်တော်များများ လာကြပါတယ်။ တော်တော်လေး စည်ပါတယ်။ အရေအတွက် ကတော့ ကျွန်တော် ခန့်မှန်းတာ ၂၀၀ နီးပါးလာကြတယ်။”
ဦးမောင်ကိုဟာ မင်္ဂလာဒုံ စစ်ထောက်လှမ်းရေးမှာ အချုပ်ခံနေရစဉ် ၁၉၉၀ နိုဝင်ဘာလ ၉ ရက်မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။
အဲဒီကာလ ဈာပန လိုက်ပါ ပို့ဆောင်ခဲ့သူတွေက ဦးမောင်ကိုရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ပြည့်နေတာ မြင်ခဲ့ရတယ်လို့ ပြောဆိုပါတယ်။ ဦးမောင်ကိုဟာ ၈၈ အရေးတော်ပုံ ကာလ အတွင်း ဆိပ်ကမ်း အလုပ်သမားများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့ပါတယ်။