နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆက်ပြီး ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးဖို့ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ မကြာခင် လွတ်မြောက် လာလိမ့်မယ်လို့ ထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

2011.11.10
prisoner-amnesty လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများကို ရန်ကုန် အင်းစိန် အကျဉ်းထောင်ရှေ့တွင် ကြိုဆိုကြနေသူများ မြင်ကွင်းဖြစ်ပါသည်။
nld youth

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်ပေမဲ့ အခု တစ်ကြိမ်မှာ နိုင်ငံရေး အကျဉ်းသား ပိုများ လာလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ် နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ထားသလို လွတ်မြောက်ဖို့လည်း ကြိုးစားမယ်လို့ ပြောပါတယ်။

“လွတ်မှာပါပဲ ဆိုပြီးတော့ စောင့်နေမှာတော့ မဟုတ်ပါဘူး။ ဆက်လက်ပြီး ဒီကိစ္စ ချောချော မောမော ဖြစ်ဖို့အတွက် ကြိုးစားမှာပါ”

အာရ်အက်ဖ်အေက ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင် တစ်ဦးရဲ့မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

နိုင်ငံရေး အကျဉ်းသားတွေကို ဒီကနေ့ တန်ဆောင်းမုန်း လပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတယ်ဆိုတဲ့သတင်းကြောင့် အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ သက်ဆိုင်ရာ အကျဉ်းထောင်တွေမှာ သွားစောင့် နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-11 13:13

very good