လာရောက် စုရုံးကြသူတွေထဲမှာ ရခိုင် အမျိုးသားတွေ များပြီး ဘီဘီစီ သတင်းဌာနကို ဆန္ဒပြဖို့ ရောက်လာကြတာလို့ ပြောကြောင်း ဆန္ဒပြပွဲကို လာရောက် သတင်းယူတဲ့ ဂျာနယ် သတင်းထောက်တွေက ဆိုပါတယ်။ ဆန္ဒပြမယ် သတင်းရထားလို့ မနက် ၁၁ နာရီလောက် ကတည်းက လာစောင့်နေတာလို့ ဂျာနယ် သတင်းထောက် တစ်ဦးက ဆိုပါတယ်။ သံရုံးကို မေးမြန်းကြည့်တဲ့ အခါမှာတော့ ဆန္ဒြုပသူတွေက ဘာစာရွက်စာတမ်းမှ ပေးမသွားဘူးလို့ သတင်းထောက်တွေကို ပြောကြောင်း သိရပါတယ်။ အခုလို ဆန္ဒပြဖို့ လူစုနေတာကို အာဏာပိုင်တွေ အနေနဲ့ လာရောက် ဟန့်တား ပြောဆိုခြင်း မရှိဘူးလို့ ဂျာနယ် သတင်းထောက်တွေက ဆိုပါတယ်။
ဗြိတိသျှ သံရုံးရှေ့မှာ ဆန္ဒပြဖို့ လူစု
ရန်ကုန်မြို့ကုန်သည်လမ်း ဗြိတိသျှ သံရုံးရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီလောက်က လူ ၂၀ ခန့် ဆန္ဒပြဖို့ လာရောက် စုဝေးခဲ့ကြပြီး မိနစ် ၃၀ လောက် အကြာမှာ လူစုခွဲသွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
