ရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲ မူလအစီအစဉ်အတိုင်း လုပ်ဆောင်မည်
2011.11.08

min htin kokogyi
လွတ်လပ်ခြင်း အနုပညာပွဲတော်လို့ အမည်ပေးထားတဲ့ အဲဒီပြိုင်ပွဲကို ၂၀၁၂ခု ဇန်နဝါရီလ ၁ ရက် ကနေ ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ဆုရဇာတ်ကားတွေကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် မြန်မာ့အလင်း သတင်းစာမှာတော့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်နဲ့ ကိုဇာဂနာတို့ တွေ့ဆုံခဲ့ပုံနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကားတွေကို ဆင်ဆာ လုပ်ထုံးလုပ်နည်းနဲ့ အညီ ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင် ဇာတ်လမ်းတိုတွေကို ဆင်ဆာတင်ပြဖို့ အစီအစဉ် ရှိမရှိ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို မေးမြန်းရာမှာ-
“ကျွန်တော်တို့ ပြောင်းလဲဖို့ လုံးဝရှိမှာ မဟုတ်ပါဘူး။ သတင်းစာ ရှင်းလင်းပွဲနေ့က ကိုသူရ ပြောတဲ့အတိုင်းပါပဲ။ ဆင်ဆာဩဇာ တစ်ခုခု သက်ရောက်တဲ့ ရုပ်ရှင်ပွဲတော် ဖြစ်လာမှာ မဟုတ်ပါဘူး”
လွပ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပေမဲ့ ပွဲမစခင် အကြိုနေ့မှာတော့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိ လူကြီးတွေကို ဖိတ်ကြားဖို့ အစီအစဉ် ရှိနိုင်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဦးသစ်ဆင်းက ဆက်သွယ် မေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |