သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-16
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းနဲ့ ဝါးခယ်မ မြို့နယ်တွေက လယ်သမား ၁၀၀၀ နီးပါးလောက်က သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ အဖမ်းခံထားရတဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးဖို့ အတွက် မနေ့က မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-07-16
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့ ဂါရဝပြုအခမ်းအနား ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုဖို့ လူထု အခြေပြုအဖွဲ့အစည်း ၃ဝ ကျော်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2013-07-16
စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တချို့သိမ်းဆည်း ထားတဲ့ မြေနေရာတွေမှာ အဆောက် အဦးတွေ ဆောက်လုပ်ပြီးတာကြောင့် ပြန်ပေးဖို့ရာ မလွယ်တော့ကြောင်း ပြန်ပေးလို့ရတဲ့ မြေနေရာတွေကို တပ်မတော်အနေနဲ့ ပြန်ပေးမှာဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဒီနေ့ ပြော လိုက် ပါတယ်။
2013-07-16
ဧရာဝတီတိုင်းအတွင်းမှာ ဒေသခံတွေ အတွက် လယ်ယာမြေ မှတ်ပုံတင်တွေ အမြန်လုပ်ပေးမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးသိန်းအောင်က တောင်သူတွေကို ကတိပေးလိုက်ပါတယ်။
2013-07-16
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်၊ ရာဇူတိုင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာက လယ်သမား ၇ ဦးကို သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးလို့ ဆိုပြီး ပိုင်နက်ကျူးကျော်မူ ပုဒ်မ (၄၄၇)၊(၄၂၇)၊ (၅၀၆)စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားရာမှာ ဒီကနေ့ မော်လမြိုင်ကျွန်း မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2013-07-16
ပြည်သူတွေအနေနဲ့ အာဇာနည်သူရဲကောင်းတွေ ကို လေးစားနေရုံနဲ့မပြီးပဲ အာဇာနည်စိတ်ဓာတ် ဆိုတာကို နားလည်ဖို့လိုကြောင်း အာဇာနည် သတ္တိဆိုတာ အများအတွက် စွန့်လွှတ်အနစ်နာခံ တတ်တဲ့ စိတ်ဓာတ်မျိုးကို ခေါ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2013-07-15
မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေးအမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန် လည်ခေါ်ယူနေပြီဖြစ်ပါတယ်။
2013-07-15
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောပါတယ်။
2013-07-15
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဖြစ်ပေါ်နေသလို၊ လူ့အခွင့်အရေး အခြေ အနေတွေ ပိုပြီးအားကောင်းမောင်းသန်ဖြစ် လာအောင်၊ ပြည်တွင်းပဋိပက္ခတွေ လျော့နည်းချုပ်ငြိမ်းသွားအောင် ဆောင်ရွက်တဲ့လုပ်ရပ်တွေကိုလည်း တွေ့မြင် ချင်ပါတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။
2013-07-15
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း ဆွဲ၊ တင်၊ စစ်လို့ခေါ်တဲ့ မွတ်စလင် လူဦးရေ စာရင်းကောက်ခံစဉ် စစ်ဆေးရေးအဖွဲ့ဝင်တွေကို အကြမ်း ဖက်တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ ကြိုးကိုင်သူအဖြစ်ပါဝင်တယ် ဆိုပြီး AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်ကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
2013-07-15
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်ကနေ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅၅ ရပ်ကွက်ကို ပြောင်းရွှေ့ခံလိုက်ကြရသူတွေဟာ အဲဒီနေရာ သစ်မှာ ခြောက်လကြာပဲ နေထိုင်ကြရမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတယ်လို့ သိရပါတယ်။
2013-07-15
ဧရာဝတီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေကြောင့် လယ်ယာမြေမှတ်ပုံတင် အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဒီကနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေ တွေ့ဆုံကြတဲ့ပွဲမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသွားတယ်လို့ သိရပါတယ်။
2013-07-15
သီတဂူဆရာတော် အရှင်ဉာဏိဿရဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြုကျောင်း သီတဂူစက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေပါတယ်။
2013-07-15
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိသျှအစိုးရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။
2013-07-15
ထိုင်းမြန်မာနယ်စပ်ကနေ ရှမ်းပြည်နယ် ဖက်ခြမ်းကို ပို့ဖို့သယ်ယူလာတဲ့ သေနတ် ကျည်ဆံမျိုးစုံ တစ်သိန်းကျော်ကို ထိုင်းနိုင်ငံသား ၂ ယောက် နဲ့အတူ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ်မှာ ထိုင်းစစ်တပ်က ဇူလိုင် ၁၄ ရက်နေ့မနေ့က ဖမ်းဆီးရမိခဲ့ တယ်လို့ ထိုင်းနယ်စပ်အာဏာပိုင်တွေထံက သိရပါတယ်။