AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်ကို ရဲဘက်မှ ဖမ်းဆီးစစ်ဆေး


2013.07.15

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ဆွဲ၊ တင်၊ စစ်လို့ခေါ်တဲ့ မွတ်စလင် လူဦးရေစာရင်းကောက်ခံစဉ် စစ်ဆေးရေးအဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ ကြိုးကိုင်သူအဖြစ်ပါဝင်တယ်ဆိုပြီး AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်ကို အာဏာပိုင်တွေက ဒီကနေ့  ဖမ်းဆီးလိုက်ပါတယ်။

ဦးကျော်လှအောင်ကို သူနေတဲ့ သက်ကယ်ပြင်ကျေးရွာမှာ အာဏာပိုင်တွေက သွားရောက်ဖမ်းဆီးလိုက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အမှတ်()၊ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဦးကျော်မြင့်အပါအဝင် စစ်တွေမြို့နယ်အတွင်း လူဦးရေစာရင်းကောက်ခံစဉ် စစ်ဆေးရေးအဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ရာမှာ ပါဝင်ခဲ့သူလို့ယူဆရတဲ့ အခြားမွတ်စလင် ၇ ဦးကို ဖမ်းဆီးကာ စစ်တွေခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးနေပြီး နောက်ထပ် ၁၀ ဦးကိုလည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ရှေ့နေဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးကျော်လှအောင်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဖမ်းဆီးခဲ့ဖူးသူဖြစ်သလို၊  ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းက နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။