စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေအချို့ ပြန်ပေးမည်မဟုတ်


2013.07.16

စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တချို့သိမ်းဆည်းထားတဲ့ မြေနေရာတွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ပြီးတာကြောင့် ပြန်ပေးဖို့ရာ မလွယ်တော့ကြောင်း ပြန်ပေးလို့ရတဲ့ မြေနေရာတွေကို တပ်မတော်အနေနဲ့ ပြန်ပေးမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဒီနေ့ ပြောလိုက်ပါတယ်။

လွှတ်တော်ပြင်ပမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က အခုလို ပြောပါတယ်။

"ပြည်သူလူထုအတွက် အဆင်ပြေဆုံးကို အဘတို့စဉ်းစားမယ်၊ တစ်ဖက်ကလည်း အဘတို့တပ်ရဲ့ အနာဂတ်စီမံကိန်းတွေ ကာကွယ်ရေးတာဝန်ခံတွေရှိတယ်၊ အဲဒီနှစ်ခုထဲမှာ မျှမျှတတဖြစ်အောင်လုပ်မယ်၊ တစ်ချို့ပြန်ပေးလို့မရတဲ့နေရာတွေမှာ ဆန္ဒပြပွဲတွေ ထွန်တုံးတိုက်ပွဲတွေရှိတာ နှစ်ဦးနှစ်ဖက်အတွက် ပြဿနာရှိတယ်"

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်က လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းထားတဲ့အပေါ် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တခြားဝန်ကြီးဌာနတွေက တာဝန်ရှိ ထိပ်ပိုင်းခေါင်ေးဆာင်တွေက လာရောက်တင်ပြခဲ့စဉ် ပြောခဲ့တာပါ။

လယ်ယာမြေနဲ့ အခြားမြေများ  စုံစမ်းရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့အစီရင်ခံစာပါ အကြံပြုချက်တွေကို ပြည်ထောင်စုအစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။