သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-25
လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာအုပ်စုမှာရှိတဲ့ အိမ်သုံးရာကျော်ကို ကျူးကျော်ဆိုပြီး စစ်တပ်က မေ ၂၄ မနက်မှာပဲ အင်အားသုံးဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-25
ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးဟာ မေလပထမပတ်ကစ မြင့်တက်လာပြီး ဒီနေ့အထိ ပြန်မကျဘဲ စံချိန်တင်မြင့်တက်နေတာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
2024-05-25
ဒစ်ဂျစ်တယ် ငွေကြေးတွေ အရောင်းအဝယ်ပြုလုပ်တာနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-24
လွတ်လပ်တဲ့အာရှအသံ RFA မြန်မာဌာနက သတင်းဆောင်းပါးရှင် ရှင်ဒေဝီရိုက်ကူးတဲ့ ဗီဒီယိုဆောင်းပါးနဲ့ အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှု ဂရေစီဆု ရရှိခဲ့ပါတယ်။
2024-05-24
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ လေးသောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရ အဲလိဇဘက် သရပ်ဆဲလ်က ဂျနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောလိုက်ပါတယ်။
2024-05-24
ရခိုပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ လူဦးရေ ၁ ဒဿမ ၆ သန်းဟာ ဆေးရုံကျန်းမာရေး စောင့်ရှောက်ခွင့်မရတဲ့အခြေအနေကြုံနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၂၄ ရက်နေ့က အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပြာကျသွားပြီး လူ ၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2024-05-24
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အပြိုင် စစ်ကောင်စီလေတပ်က ဘယ်လိုစစ်ရေးဗျူဟာတွေ စစ်လက်နက်ပစ္စည်းတွေ ပြောင်းလဲပြင်ဆင်လာလဲ၊ ဘယ်လောက်သက်ရောက်မှုရှိနေလဲ ဆိုတာတွေ ဆွေးနွေးထားပါတယ်။
2024-05-24
ရက္ခိုင့်တပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အတွက် အကူအညီတွေ ပေးဖို့ မေလ ၂၄ ရက်နေ့မှာ AA က တောင်းဆိုလိုက်ပါတယ်။
2024-05-24
မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခတွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အပေါ် အမေရိကန်အပါအဝင် နိုင်ငံ ကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က စိုးရိမ်ကြောင်း မေလ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2024-05-24
တရုတ်နိုင်ငံနဲ့ တရားဝင်ကုန်သွယ်ဖို့ စစ်ကောင်စီဘက်က သဘောတူညီမှုမရှိသေးလို့ဆိုပြီး တရုတ်ဘက်က ကုန်သွယ်ခွင့် မပြုသေးတာလို့ TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2024-05-24
ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်ခြေ နှစ်ရာကျော်ကို စစ်ကောင်စီတပ်နဲ့ စည်ပင်တို့က ကျူးကျော်နေအိမ်တွေလို့စွပ်စွဲပြီး မေလ ၂၃ ရက်နေ့က အင်အားသုံး ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-24
တစ်လထက်တစ်လ စစ်ပွဲတွေပိုများလာလို့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူ အရေအတွက်ဟာ အခု မေလအထိ ခြောက်သောင်းနီးပါးရှိလာပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
2024-05-24
သေဆုံးသူဟာ လယ်ထဲကပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ဆေးကုသနေစဉ်မှာပဲ သေဆုံးသွားတာလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
2024-05-24
ကျိုက်ဒုံမြို့နယ်ခွဲ ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာအနီးက ဖုချိမု စစ်ကောင်စီစစ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ KNLA မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။