မြန်မာနိုင်ငံအခြေအနေကို စိုးရိမ်ကြောင်း အမေရိကန်အပါအဝင် ကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ထုတ်ပြန်

RFA Burmese
2024.05.24
မြန်မာနိုင်ငံအခြေအနေကို စိုးရိမ်ကြောင်း အမေရိကန်အပါအဝင် ကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ထုတ်ပြန် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်။
Narinjara

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်အောင် တွန်းအားပေးနေတာတွေ ပိုတိုးလာပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အပေါ် အမေရိကန်၊ ယူကေ၊ ဩစတြေးလျအပါအဝင် နိုင်ငံ ကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က စိုးရိမ်ကြောင်း မေလ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် ပူးပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။ ရခိုင် ၊ ရိုဟင်ဂျာနဲ့ အခြားလူမျိုးစုတွေအပါအဝင် အရပ်သားပြည်သူ အားလုံးအတွက် ဘေးအန္တရာယ် ပိုမိုများပြားလာစေတယ်လို့လည်း ဆိုပါတယ်။ တာဝန်ရှိတဲ့အဖွဲ့အစည်း အားလုံးအနေနဲ့ အရပ်သားပြည်သူတွေ အကာအကွယ်ပေးရေးကို အဓိက ဦးစားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံးအတွက် တာဝန်ခံမှုရှိရမှာဖြစ်ပြီး မြန်မာစစ်တပ်ဆီ လေယာဥ်ဆီအပါအဝင် စစ်လက်နက် ဒါမှမဟုတ် အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာတွေ စီးဆင်းမှုကို ဟန့်တားဖို့လည်း နိုင်ငံတိုင်းကို တောင်းဆိုလိုက်ပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးဖို့နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့လည်း စစ်ကောင်စီအနေနဲ့ ထည့်သွင်းတိုက်တွန်းထားပါတယ်။ ဒါ့အပြင် အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အခင်းအကျင်းဖန်တီးပေးဖို့ ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းအားလုံးကိုလည်း တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။