သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-12
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရပ်ချဒါရပ်ကွက် ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း ၆ ထပ်အမြင့် က ပြုတ်ကျလို့ ခါးရိုးကျိုးသွားတဲ့ မြန်မာအလုပ်သမား တစ်ဦး လျော်ကြေးငွေရရှိအောင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးနဲ့ အလုပ်သမားရေး ကူညီနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ TACDB တို့က ဝိုင်းဝန်းကူညီခဲ့တဲ့အတွက် လျော်ကြေးငွေ ရရှိခဲ့ပါတယ်။
2013-04-12
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ် မတော်မြောက်ပိုင်း (SSA-North) တပ်တွေကြား ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ သက်ဆိုင်ရာကျေးရွာတွေကို ပြန်ဖို့စိုးရိမ်နေဆဲဖြစ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို ဒီနေ့မှာပြောပါတယ်။
2013-04-12
မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့မှာ ဂျပန်နိင်ငံ ကို ရောက်ရှိမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မည်သူ မဆို တွေ့ခွင့်ရှိကြောင်း တိုကျိုမြို့က ကြိုဆိုရေးကော်မတီ က RFA ကို ပြောပါတယ်။
2013-04-12
ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ညနေမှာ ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်ကနေ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။
2013-04-12
မိတ္ထီလာမြို့က ပဋိပက္ခစတင်ရာ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ သူတို့နဲ့ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိ ရပါတယ်။
2013-04-12
မိုင် ၅ဝဝ ရှည်လျားတဲ့ မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေ အများ အပြားတွေ့ရှိရတယ်လို့ ရှမ်းပြည်နယ် ဒေသခံအဖွဲ့အစည်းတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။
2013-04-11
ပလောင်ဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းရေးအတွက် တအောင်းအမျိုးသမီးအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-04-11
မိုင် (၅၀၀) ရှည်လျားတဲ့ မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေ အများအပြားတွေ့ရှိရတယ်လို့ ရှမ်းပြည်နယ် ဒေသခံ အဖွဲ့အစည်းတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်း ကဖေါ်ပြပါတယ်။
2013-04-11
မန္တလေးမြို့ တမ္ပဝတီရပ်ကွက် ချီပါရပ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၁၂၀ ခန့် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
2013-04-11
မြန်မာနိုင်ငံမှာ အစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေတာတွေကို ကြိုဆိုပေမယ့် မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံ မှုတွေ ဖြတ်တောက်ဖို့လိုကြောင်း G8 ခေါ် စီးပွားရေး အင်အားကြီး ၈ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
2013-04-11
မြန်မာနိုင်ငံဟာ ပြည်သူတွေထမ်းဆောင်တဲ့ အခွန်ငွေနဲ့ လည်ပတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၉ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
2013-04-11
မြန်မာတွေအနေနဲ့ မြန်မာစာ ဘာသာစကား ဝေါဟာရသုံးနှုန်းတာတွေမှာ အလေးထားမှု အားနည်းနေကြတယ်လို့ မြန်မာစာပေပညာရှင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။
2013-04-11
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပဖို့ အတွက် ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ဒီရက်ပိုင်း အတွင်းမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2013-04-11
အင်းလေးဟိုတယ်ဇုန် စီမံကိန်းကို ကန့်ကွက်တားဆီးခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ တောင်သူ ၇ ဦးရဲ့ အမှုကို ဒီကနေ့ မနက် ၁၁ နာရီကျော်က ကလောမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
2013-04-11
ဧပြီလဆန်းမှာ ဖွဲ့စည်းခဲ့တဲ့ မန္တလေး အခြေစိုက် ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်ရေး ကော်မတီ အစည်းအဝေးကို ဒီနေ့နေ့လယ်က မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။