မန္တလေးမြို့ တမ္ပဝတီရပ်ကွက် မီးလောင်မှု အိမ်ခြေ တစ်ရာနှစ်ဆယ်ခန့် ဆုံးရှုံး


2013.04.11

မန္တလေးမြို့ တမ္ပဝတီရပ်ကွက် ချီပါရပ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၁၂၀ ခန့် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

မနက် ၆ နာရီလောက်မှာလည်း မန္တလေးမြို့ ၅၂ လမ်း သင်ပန်းကုန်းမှာ မီးလောင်ခဲ့ပြန်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင်တဦးဖြစ်သူ ကိုရဲရင့်ကျော်က RFA ကို အခုလို ပြောပါတယ်။

"ည ၂ နာရီက စလောင်တာ တမ္ပဝတီ၊ ချီပါရပ်မှာ ခန့်မှန်းအိမ်ခြေက ၂၀၀ လောက်ရှိတယ် အိမ်သေးတွေရော၊ အိမ်ကြီးတွေရော၊ နောက်ထရန်ကာအိမ်တွေများတယ်၊ ပျဉ်ထောင်အိမ်တွေများတယ်"

တမ္ပဝတီ ချီပါရပ် မီးဘေးဒုက္ခသည်တွေကို မှန်ကင်းဘုန်းကြီးကျောင်းဝင်းထဲမှာ ခေတ္တနေရာချထားတယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ မီးဘေးဒုက္ခသည်တွေကို ချမ်းမြသုခ နာရေးကူညီမှုအသင်းက မနက်စာကျွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ တမ္ပဝတီ၊ ချီပါရပ်မီးလောင်မှုနဲ့ ပတ်သက်လို့ သွားရောက်ကူညီခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲရင့်ကျော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။