အခွန်ဆောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ မေးမြန်းချက်
2013.04.11
မြန်မာနိုင်ငံဟာ ပြည်သူတွေထမ်းဆောင်တဲ့ အခွန်ငွေနဲ့ လည်ပတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၉ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီပြောကြားချက်နဲ့ ပတ်သက်လို့ စီးပွားရေး ကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ အခွန်ဌာနက တာဝန်ရှိသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။