မန္တလေးပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာကွယ်ရေးကော်မတီ စည်းဝေး


2013.04.11

ဧပြီလဆန်းမှာ ဖွဲ့စည်းခဲ့တဲ့ မန္တလေးအခြေစိုက် ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်ရေး ကော်မတီ အစည်းအဝေးကို ဒီနေ့နေ့လယ်က မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ရန်ကင်းတောင် ဥယျာဉ်ကျောင်းတိုက် ဆရာတော်ဦးဇောတိက၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီရသူအပါအဝင် သံဃာတော်တွေ၊ တခြားဘာသာရေး ခေါင်းဆောင်တွေ၊ မန္တလေး NLD အဖွဲ့ဝင်တွေ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ပါတယ်။

ဒီအဖွဲ့ကို မိတ္ထီလာပဋိပက္ခ ဖြစ်ပွားခဲ့မှုအပေါ် အခြေခံပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်အပါအဝင် ဆရာတော်ကြီး ၆ ပါးကို သြဝါဒါစရိယအဖြစ်ထားပြီး ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

နာယကအဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီအထဲမှာ ဆရာတော် ဦးဝီရသူ၊ ဥယျာဉ်ဆရာတော် ဦးဇောတိကတို့လို သံဃာတော်တချို့ပါဝင်ပါတယ်။ ဦးဆောင်အဖွဲ့မှာ ရှေ့နေ ဦးမြင့်သွင်၊ ဦးကိုကြီး၊ ကိုသိန်းအောင်မြင့်၊ မအမာနီတို့ အပါအဝင် ၁၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။