မိတ္ထီလာပဋိပက္ခ စတင်ခဲ့တဲ့သူတွေကို ထောင်ဒဏ် ချမှတ်


2013.04.12

မိတ္ထီလာမြို့က ပဋိပက္ခစတင်ရာ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ သူတို့နဲ့ဆွေမျိုးတော်စပ်သူ ၁ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဒေါ်မြင့်မြင့်အေး၊ ကိုညီညီ (ခေါ်) ကိုမင်းအောင်နဲ့ ကိုထွန်းထွန်းဦး (ခေါ်) အာရှစ် တို့ကို မနေ့က မိတ္ထီလာ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဒီကနေ့သောကြာနေ့ မနက် ၅ နာရီမှာတော့ သူတို့ကို မြင်းခြံထောင်ကို ခရိုင်ရဲတပ်ဖွဲ့မှုးကိုယ်တိုင် ပို့ဆောင်လိုက်ပြီလို့ မိတ္ထီလာခရိုင်ရုံးက RFA ကို ပြောပါတယ်။

အကြမ်းဖက်မှုမှာပါဝင်လို့ ဖမ်းဆီးထိန်းသိမ်းထားပြီး အမိန့်မချရသေးတဲ့သူတွေလည်း အတော်များများ ကျန်သေးတယ်လို့သိရပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ဒုက္ခသည်စုစုပေါင်း ၈ ထောင်ကျော်လောက်ရှိနေပြီး၊ သူတို့အတွက် အနယ်နယ်အရပ်ရပ်က ပေးပို့လှူဒါန်းတဲ့ပစ္စည်းတွေကို ကျောင်းသားတွေ၊ လူမှုရေးအဖွဲ့တွေက ထပ်ဆင့်ဖြန့်ဝေပေးနေတယ်လို့သိရပါတယ်။

မိတ္ထီလာမြို့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ မိတ္ထီလာခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။