သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-20
မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ကျောက်ဆောက်ရွာက နေအိမ် ၄၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
2025-02-20
မောင်တောမြို့နယ်မြောက်ပိုင်းမှာ AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2025-02-20
မြဝတီ ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးချိန် တွေ့ရှိထားတဲ့ တရုတ်နိုင်ငံသား နှစ်ရာကို ဖေဖော်ဝါရီ ၂၀ မှာ ထိုင်းနိုင်ငံဘက်ခြမ်းကို လွှဲပြောင်းပေးလိုက်တယ်လို့ BGF က ပြောပါတယ်။
2025-02-20
ပေါင်းတလည် မြို့ပေါ်ရပ်ကွက်နဲ့ ရွာအုပ်ချုပ်ရေးအာဏာပိုင်တွေက စစ်ဘေးရှောင်လာသူတွေကို လက်မခံဖို့ ရွာခံတွေကို ဖိအားပေးနေတယ်လို့ ပြောပါတယ်။
2025-02-20
နောင်ချိုမြို့ ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းနေရာတွေ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
2025-02-19
ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။
2025-02-19
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2025-02-19
ပဋိပက္ခတွေပိုပြင်းထန်လာနေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လေးနှစ်အကြာမှာ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ပိုတိုးလာတယ်လို့ ဆိုပါတယ်။
2025-02-19
မန္တလေးတိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်သူ ခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
2025-02-19
မြီ မိသားစုဟာ ၂၀၁၅ ခုနှစ်ကတည်းက သူတို့ရဲ့ သြဇာအာဏာနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုသုံးပြီး ရာဇ၀တ်မှု အမျိုးမျိုးလုပ်ကိုင်ဖို့ ငွေကြေးပံ့ပိုး ကျောထောက်နောက်ခံပေးခဲ့ပါတယ်။
2025-02-19
BGF ထိန်းချုပ်ရာ ရွှေကုက္ကိုနဲ့ DKBA ထိန်းချုပ်ထားတဲ့ KK Park မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
2025-02-19
ပြည်သူ့စစ်မှုထမ်းဥပေဒကို တိမ်းရှောင်ဖို့ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
2025-02-19
ကနီ၊ ချောင်းဦး၊ မုံရွာနဲ့ မန္တလေးတိုင်း မြင်းခြံ၊ ငါန်းဇွန်၊ စဥ့်ကူးမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် လူ ၁၃ ဦးသေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
2025-02-19
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းအလုံးရေ တစ်ထောင်ကျော်နဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း အများအပြားကို ရှင်းလင်းထားတယ်လို့ AA နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
2025-02-19
ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။