သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-23
ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် မီးပွိုင့်ရဲ့ ယာဉ်ထိန်းရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ် ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ဗိုလ်တစ်ထောင်မြို့ထဲ နေထိုင်သူတွေက RFA ကို ပြောပါ တယ်။
2021-10-23
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲမှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖြူး PDF တပ်ဖွဲ့ဝင်တွေ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းက အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးသွားတယ်လို့ ပဲခူး PDF အဖွဲ့က ပြောပါတယ်။
2021-10-23
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် ခမရ ၃၃၆ စစ်တပ်ရဲ့ ကင်းစခန်းကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF Pekhon က အောက်တိုဘာ ၂၂ ရက်နေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ငါးယောက် သေဆုံးခဲ့တယ်လို့ PDF Pekhon က သတင်းထုတ်ပြန် ထားပါတယ်။
2021-10-23
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် ရှစ်ယောက်သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၂၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-10-22
ဒီတပတ်မှာတော့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီကကြေညာလိုက်တဲ့ လွတ်ငြိမ်း သက်သာအမိန့်က တကယ်ပဲနိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက်လား၊ ဟန်ပြလား၊ နိုင်ငံရေး အကျဉ်း သားတွေအပေါ် တရားစီရင်ရေးကရော တကယ်ပဲမျှတရဲ့လားဆိုတာတွေသုံးသပ် ဆွေးနွေးထားပါတယ်။
2021-10-22
လက်ရှိ အာဏာသိမ်းစစ်တပ်ထဲမှာ ရှိတဲ့ စစ်သွေးကြွအရာရှိ ၇ဝ ရာခိုင်နှုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သစ္စာခံမှာ ဖြစ်ပေမယ့် ကျန်တဲ့အရာရှိ ၃ဝ ရာခိုင်နှုန်းအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်ချက်ခိုင်မာမှုနဲ့ ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကြောင့် နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်မှာဖြစ်တယ် လို့ တပ်မ (၆၆) လက်အောက်ခံ ခြေလျှင်တပ်ရင်း (၈ဝ) ကနေ ဒီရက်ပိုင်းအတွင်း ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်ကြီး အောင်မျိုးထက် က ပြောပါတယ်။
2021-10-22
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့ အမှုမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်က ထွက်ဆိုရာမှာ ကြိုတင်ရေးသားထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ကြားခဲ့တဲ့အတွက် တရားရုံးက တားမြစ်ခဲ့ပြီး၊ လာမယ့် အောက်တိုဘာလ ၂၉ရက်မှာ ဆက်လက်စစ်ဆေးဖို့ ရုံးချိန်းယူခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။
2021-10-22
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံအပေါ် အမှန်တကယ် စေတနာရှိတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ အရပ်သားခေါင်းဆောင်တွေကို အာဏာပြန်လွှဲပေးသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာ (Christine Schraner Burgener) က ပြောလိုက်ပါတယ်။
2021-10-22
အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်ချက်ဟာ အာဆီယံ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
2021-10-22
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အခြေအနေအရပ်ရပ် ပျက်စီးယိုယွင်း လျက်ရှိရာ ပြဿနာများ ပိုပြီးဆိုးဝါးမလာခင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ထိထိရောက်ရောက် ပါဝင်ဖြေရှင်းကြဖို့ မကြာခင်တာဝန်က အနားယူတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schrner Burgener က မနေ့က သတင်းစာရှင်းလင်း ပွဲမှာ ပြောသွားပါတယ်။
2021-10-22
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက် အင်းလေးကို ခရီးသွားတွေ မလာတော့တာကြောင့် ဆေးလိပ်လိပ်သမား ဒေါ်ခင်ပြုံးရီရဲ့ မိသားစုဟာ ဝင်ငွေခက်ခဲလာပြီး ထမင်းတစ်နပ်လျှော့စားနေရတာ ဒီနေ့ဆို အချိန်ရှစ်လကျော်ရှိလာပါပြီ။
2021-10-22
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ဘာလူကာလီ ရိုဟင်ဂျာဒုက္ခသည်စခန်းက အစ္စလာမ်စာသင်ကျောင်း အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ တိုက်ခိုက်ခံရပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရ သူတွေလည်းရှိခဲ့ပါတယ်။
2021-10-22
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်း စစ်ကောင်စီက နေရပ် ပြန်ခိုင်းတာတွေနဲ့ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် နေရပ်ပြန်သွားကြတဲ့ ဒုက္ခသည်တွေဟာ ဒီနေ့အထိ တစ်သိန်းခြောက်သောင်းခန့် ရှိတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေအကြောင်း စာရင်းပြုစုနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကပြောပါတယ်။
2021-10-22
စစ်အာဏာသိမ်း ကိုးလနီးပါးကာလအတွင်း ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုပေါင်း ၄၀၀ ကျော်ကို မှတ်တမ်း တင်ထားပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံး (ICC) အပါအဝင် ပြည်တွင်းရော၊ ပြည်ပမှာပါ ထိုက်တန်တဲ့ တရားစီရင်မှု ရရှိအောင် ကြိုးစားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန (NUG) က ပြောလိုက်ပါတယ်။
2021-10-22
ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ၄၈ လမ်းထိပ်မှာရှိတဲ့ Urban Asia Center မြေညီထပ်က ကမ္ဘောဇဘဏ်ကို အောက်တိုဘာလ ၂၂ ရက် ဒီနေ့ နေ့လယ် တစ်နာရီခန့်မှာ အမည်မသိလူတစ်စုက ဓားပြတိုက်သွား တယ်လို့ အနီးအနားနေထိုင်သူတွေက ပြောပါတယ်။