ရန်ကုန်မြို့လယ်က KBZ ဘဏ် ဓားပြတိုက်ခံရ

2021.10.22
ရန်ကုန်မြို့လယ်က KBZ ဘဏ် ဓားပြတိုက်ခံရ ရန်ကုန်မြို့ Urban Asia Center မြေညီထပ်က KBZ ဘဏ်ကို တွေ့ရစဥ်
Photo: CJ
ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ၄၈ လမ်းထိပ်မှာရှိတဲ့ Urban Asia Center မြေညီထပ်က ကမ္ဘောဇဘဏ် (KBZ Bank) ကို အောက်တိုဘာလ ၂၂ ရက် ဒီနေ့ နေ့လယ် တစ်နာရီခန့်မှာ အမည်မသိလူတစ်စုက ဓားပြတိုက်သွားတယ်လို့ အနီးအနားနေထိုင်သူတွေက ပြောပါတယ်။
 
လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးက ဘဏ်မှာရှိတဲ့ငွေသားအချို့နဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း တွေကိုပါ ယူသွားတယ်လို့ ပြောကြပေမယ့် ပါသွားတဲ့ ငွေသားနဲ့ပစ္စည်းတိတိကျကျကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ဓားပြတိုက်မှုဖြစ်ပြီးချိန် အဲဒီဘဏ်ရှေ့ကနေ ဖြတ်လာသူတစ်ဦးကလည်း ဘဏ်ရှေ့မှာ စစ်ကောင်စီတပ်သား တွေ လုံခြုံရေးယူထားတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်နယ် ကျောက်မဲမြို့မှာရှိတဲ့ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံခဲ့ရသလို ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာလည်း တောင်ဥက္ကလာပမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်ခွဲ တွေ ဓားပြတိုက်ခံခဲ့ရပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။