သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-23
တိုင်းရင်းသားရေးရာ ဝန်ကြီးတွေအနေနဲ့တိုင်းရင်းသားဒေသတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အကန့်အသတ်တွေ ရှိနေသလို ဗဟိုချုပ်ကိုင်မှု များနေတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောသပ်က ပြောပါတယ်။
2017-01-23
မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေ အကြောင်း၊ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အကြောင်းနဲ့ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တချို့ရဲ့ အမှု ကိစ္စတွေကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က NRPC ရုံးမှာ ဒီနေ့မနက်က တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2017-01-23
ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို လာမယ့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မှာ ကျင်းပသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
2017-01-23
အစိုးရသစ်လက်ထက် ၁၀ လတာ ကာလအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အဖွဲ့တွေ အပြန်အလှန် ထိန်းကျောင်းမူ ယိမ်းယိုင်လာတဲ့အတွက် ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဦးတည်လာပြီး တရားဥပဒေ စိုးမိုးရေးလည်း အားနည်း လာတာကို တွေ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောပါတယ်။
2017-01-22
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေနဲ့ ဝန်ကြီးဌာန တာဝန် ရှိသူတွေဟာ မြန်မာမွတ်စလင် ကိုယ်စားလှယ်တွေ နဲ့ မနေ့က တွေ့ဆုံပြီး NVC လို့ခေါ်တဲ့ (နိုင်ငံသား စိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်တဲ့ကတ်) အကြောင်း ရှင်းပြခဲ့ပါတယ်။
2017-01-22
ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ကျေးရွာမှာ အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေ နတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-22
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ စတင်ကျင်းပတဲ့ တတိယအကြိမ်မြောက် နိုဘယ်လ်-မြန်မာ ရသစာပေပွဲတော်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2017-01-22
ပထမကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့ရတဲ့ စစ်သည်တော်တွေအတွက် အောက်မေ့ဖွယ်သင်္ကေတဖြစ်တဲ့ ဘိန်းပန်းဟာ ဓာတုပညာရှင်တွေ တီထွင်ဖော်စပ်ရာက မော်ဖင်း၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးပြား အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်နိုင်တဲ့အတွက် ငရဲပန်းဖြစ်သွားရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-01-22
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အရပ်ဖက် အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်း သားတွေနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူခံခဲ့ရသူတွေ စုစုပေါင်း လူအင်အား ၂၀၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-22
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ မှာ အလုပ်ရှင် အလုပ်သမားပြဿနာကို တိုင်းအစိုးရအဖွဲ့က ကြားဝင်ဖြေရှင်းပေးပေမယ့် ပြေလည်မှု မရှိတာကြောင့် ဒီနေ့ မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2017-01-22
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က ပုသိမ်ဟိုတယ်မှာ စစ်ပွဲတွေ အလို မရှိကြောင်း ပြဇာတ်ကပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၉ ဦး ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ ပုသိမ်မြို့မရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။
2017-01-22
ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ရွာ က အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေနတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-22
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အတွင်း ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား ခဲ့တာတွေနဲ့ပတ်သက်ပြီး လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2017-01-22
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်းမှာ ဇန်နဝါရီလ၂၁ ရက်နေ့မနေ့က တပ်မတော်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့တိုက် ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
2017-01-22
လူငယ်တွေအနေနဲ့ အင်တာနက် အသုံး များနေတာကို လျှော့ပြီး ရသစာပေတွေ ဖတ်ကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။