လားဟူတိုင်းရင်းသားရေးရာဝန်ကြီး
2017.01.23
တိုင်းရင်းသားရေးရာ ဝန်ကြီးတွေအနေနဲ့တိုင်းရင်းသားဒေသတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အကန့်အသတ်တွေ ရှိနေသလို ဗဟိုချုပ်ကိုင်မှု များနေတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က ပြောပါတယ်။ လက်ရှိရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားတွေ ဖံ့ွဖြိုးရေး ဆောင်ရွက်နိုင်မှု အခြေအနေ၊ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဦးယောသပ် ကို RFA သတင်းထောက် ကိုကံသာက တွေ့ဆုံမေးမြန်းထားပါတယ်။