ရှမ်းအမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ အတွင်း ကျင်းပမည်


2017.01.23
snld-sailate-620.jpg SNLD ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကို တွေ့ရစဉ်
Photo: RFA

ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မှာ ကျင်းပသွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြော ပါတယ်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ အကြိုအလုပ်ရုံဆွေးနွေးပွဲကို ဒီနေ့ ရှမ်းပြည် နယ် တောင်ကြီးမြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုဌာနမှာ စတင်ကျင်းပနေပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဦးဆောင် ကျင်းပတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

''ရှမ်းအမျိုးသားတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်ဖို့အတွက် အကြိုသဘောမျိုးနဲ့ ကျနော်တို့ ကြိုဆွေးနွေးခြင်းဖြစ်တယ်၊ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ CSSU အဖွဲ့အစည်းဝင်တွေဖြစ်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၃ ခု ရယ်၊ နောက်ရှမ်းနိုင်ငံရေးပါတီ ၅ ခုပေါ့၊ နောက် CSO ထဲကလည်း တော်တော်များများလာပြီး ပါဝင်ကြပါတယ်''

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ၊ သဘာဝ သယံဇာတနဲ့ လုံခြုံရေး စတဲ့ခေါင်းစဉ်တွေ ဆွေးနွေး ကြမှာဖြစ်ပါတယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အခြေစိုက်တဲ့ဒေသတွေမှာ ကျင်းပရတဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်ပြည်နယ်က ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

NCA စာချုပ်အရ လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို ကျင်းပရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။