0:00 / 0:00
ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ကျေးရွာမှာ အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေနတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
RFA သတင်းထောက် ကိုကျော်စိုးလင်းက တင်ပြထားပါတယ်။