သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-23
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် အပါအဝင် ပြည်ထောင်စုဝန်ကြီး သုံးဦးတို့ကို စွဲဆိုထားတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုအတွက် စက်တင်ဘာလ ၂၃ ရက် ဒီကနေ့ နေပြည်တော်က ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
2021-09-23
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီကုန်းရွာက နေအိမ်တွေကို စက်တင်ဘာ ၂၃ ရက် ဒီနေ့မနက် ၉ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဝင်ရောက်မီးရှို့နေတာ ကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာက စစ်မှုထမ်းဟောင်းနှစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင်နဲ့ ဦးမျိုးစန်းတို့ဟာ စက်တင်ဘာလ ၂၂ ရက် မနေ့ နေ့လယ်ပိုင်းမှာ ညောင်ဦးလမ်းမပေါ်က အညာထန်းရည်ဆိုင်အနီးမှာ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-22
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ထနောင်းကိုင်းကြီးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတစ်ဦး စက်တင်ဘာလ ၂၂ ရက် မနေ့ ညနေပိုင်းမှာ ကုန်းကြီးရွာနဲ့ ပေါက်အိုင်ရွာအကြား ခင်ဦး - သင်းပေါင်း ကားလမ်းပေါ်မှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-22
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားလုံးဝနီးပါး ပျက်ပြားသွားပြီဖြစ်ပြီး ဒေသရဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး ရှစ်ဆယ်ရာခိုင်နှုန်းကို AA ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီလို့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကပြောကြားလိုက်ပါတယ်။
2021-09-22
မြန်မာပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းထားတာကို ငြိမ်းချမ်းတဲ့ နည်းလမ်း တွေနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်းထားတဲ့ စစ်ကောင်စီက လက်မခံ ခဲ့တဲ့အတွက်၊ မြန်မာပြည်သူအချို့ဟာ လက်နက်စွဲကိုင်တော်လှန်လာကြတာကို နားလည်ပေးလို့ရတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောလိုက်ပါတယ်။
2021-09-22
မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးနဲ့ အဓိက စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်က အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ နေစရာအကောင်းဆုံး မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ရှစ်လနီးပါးအကြာမှာတော့ လုံခြုံမှု အကင်းမဲ့ဆုံး မြို့ကြီးဖြစ်လာနေပါပြီ။
2021-09-22
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာပါ ရေဝင်ရောက်မှုတွေရှိပြီး လယ်စပါးစိုက်ဧက နှစ်သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ ခင်ဦးဒေသခံတွေက RFA ကိုပြောပါတယ်။
2021-09-22
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ် မလည်ရွာက စစ်ကောင်စီသတင်းပေး ပျူစောထီး ဆိုတဲ့အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးနဲ့ အဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ ၂၁ ရက် မနေ့ ၁၂ နာရီခွဲခန့်က ဗစည်ကြီးရွာနဲ့ မလည်ရွာအကြားမှာ ဓားဒဏ်ရာတွေနဲ့ အသတ်ခံ ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-22
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တစ်နှစ် ကျော်ကြာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံနေရတဲ့ တင်းမကျေးရွာသားတွေဟာ အခုလက်ရှိဒုက္ခသည်စခန်းမှာ စားဝတ်နေရေး ပိုပြီးခက်ခဲကျပ်တည်းလာတာကြောင့် လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့မှာ နေရပ်ပြန်ဖို့ ပြင်ဆင်နေပြီလို့ ကျေးရွာသားတွေက ပြောပါတယ်။
2021-09-22
မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် အချို့မှာ စစ်တပ်က အခုရက်ပိုင်းအတွင်း မိုင်းထောင်တာတွေလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-22
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော် လှန်ကြဖို့ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက အင်အားသုံးဖိနှိပ်မှုတွေကို ပိုမိုလုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
2021-09-22
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ကျောက်ဆည်ပြည်သူ့ဆေးရုံအနားမှာ စက်တင် ဘာလ ၂၁ ရက် မနေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ နှစ်ဦး အပြင်း အထန် ဒဏ်ရာရသွားတယ်လို့ ကျောက်ဆည်ဒေသခံတွေက ပြောပါတယ်။
2021-09-22
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းက ကားလေးကွင်း မီးပွိုင့်အနီးမှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတစ်ဦး စက်တင်ဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
2021-09-22
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာနားမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကတော့ ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။