သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-25
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၂၂ ရက်ကစလို့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေအလိုက် ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပါတယ်။
2022-01-25
စစ်ကိုင်းတိုင်း ကသာမြို့အနီးမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဇန်နဝါရီ ၂၂ နဲ့ ၂၃ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
2022-01-25
အမေရိကန် ချက်ဗရွန်နဲ့ ပြင်သစ် တိုတယ်လ် ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ် ဆိုင်းတော့မယ့်အကြောင်း ကြေညာခဲ့ကြပါတယ်။
2022-01-25
စစ်တပ်ရဲ့ ရှစ်ရက်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးနဲ့ ရုံးဝန်ထမ်း တစ်ဦးတို့ ပြန်လွတ်လာပါတယ်။
2022-01-25
ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာဘက်မှာ ဇန်နဝါရီ ၂၄ ရက်က စစ်ရဟတ်ယာဉ်နဲ့ တစ်နေ့တည်း သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့ပါတယ်။
2022-01-25
မြန်မာနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့နေ့မှာ နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်ပြုလုပ်ဖို့ ပြင်ဆင်နေကြချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီက အဲဒီလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ရင် ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ဒီနေ့ ကြေညာပါတယ်။
2022-01-25
စေတုတ္တရာ သက္ကယ်ကျင်းရွာအနီးမှာ စစ်တပ်ကို လူထုတော်လှန်ရေး မဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ ရာ ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2022-01-25
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တပ်တို့ရဲ့ ငါးလ ကျော်ကြာ တိုက်ပွဲတွေဖြစ်နေခဲ့ရာ ကောင်းလုံကျေးရွာအုပ်စုက ရွာသားငါးရာကျော် နေရပ်မပြန်နိုင်ကြ သေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-01-25
အိမ်ခြေ ၂၅၀၀ ခန့်ရှိတဲ့ ထန်တလန်မြို့မှာ အခုဆိုရင် မြို့နေအိမ် သုံးပုံတစ်ပုံခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး မြို့ခံအားလုံး စွန့်ခွာထွက်ပြေးရပါတယ်။
2022-01-25
ကနီမြို့နယ်ထဲက မုဌောရွာကို ဇန်နဝါရီ ၂၂ ရက်က စစ်တပ်ဝင်ရောက်လာပြီး အိမ် ၁၁ လုံးလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-25
ပခုက္ကူ အကျဉ်းထောင်ကနေ ဇန်နဝါရီ ၂၄ ရက်က အကျဉ်းသား ၄၁ ဦး လွတ်မြောက်တယ်လို့ ပခုက္ကူဒေသခံတွေက ပြောပါတယ်။
2022-01-25
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဒုက္ခရောက်သည် ၁၇၅၀၀ ကျော်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ WFP က ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
2022-01-25
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာကြတဲ့ သုံးသောင်းကျော်ရှိတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ ကို မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်အသိအမှတ်ပြုကတ်ပြား Refugee ID ကတ်တွေ ထုတ်ပေးဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။
2022-01-25
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် PDF တပ်ဖွဲ့ဝင် ဦးမြင့်အောင်ဟာ ဇန်နဝါရီ ၂၄ ရက် မနေ့က ကင်ဆာ ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ တမူး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-01-24
စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီသြဇာခံတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ မူလက တူမီးလိုလက်နက်တွေကို သုံးစွဲနေရာကနေ ပိုမိုအဆင့်မြင့်တဲ့ လက်နက်တွေကို အခု ကိုင်ဆောင်လာနိုင်ကြပြီဖြစ်ပါတယ်။ ခေတ်မီ ရိုင်ဖယ်သေနတ်တွေကို မသုံးစွဲနိုင်သေးပေမယ့် ဒါဟာထိရောက်တဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဒီလိုလက်နက်တွေကို တောလှန်ရေးဒေသရောက် နည်းပညာတတ်ကျွမ်းသူတွေ၊ CDM တပ်မတော်အရာရှိတွေက ဦးဆောင်တီထွင်နေကြတာပါ။