သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-04-10
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေအိမ်အဆောက်အအုံ ငါးသောင်းနီးပါး ပျက်စီးခဲ့ရပြီး ဒေသခံအချို့ဟာ ပျက်စီးသွားတဲ့နေအိမ်အတွက် ဖြိုဖျက်ခတွေ စျေးကြီးတာကြောင့် အခက်တွေ့နေကြရပါတယ်။
2025-04-10
အခက်အခဲ နဲ့ ဖိအား ပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ အတူတကွဖြတ်ကျော်ပြီး တော်လှန်ရေးအောင်ပွဲ ရောက်တဲ့ အထိ ခိုင်မာတဲ့ မဟာမိတ်ညီနောင်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်ကြမယ်လို့ ကိုးကန့်တပ် (MNDAA) နဲ့ တအာန်းတပ်မတော် (TNLA) တို့က ဧပြီ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
2025-04-10
မတ်လ ၂၈ ရက်နေ့က ငလျင် နှစ်ကြိမ်လှုပ်ခတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်း ပိုမို ဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ မြန်မာမှာ လူမှုဘဝတွေ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကူညီဖို့ နဲ့ နောင်မှာ အလားတူထိခိုက်မှုမျိုးကနေ ကာကွယ်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
2025-04-10
မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး၊ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသတွေအပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
2025-04-10
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာမှာ ဧပြီ ၉ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ခရစ်ယာန်ဓမ္မဆရာတစ်ဦးအပါအ၀င် အရပ်သားခြောက်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရသွားပါတယ်။
2025-04-10
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်ဇန်ကျေးရွာမှာ ဧပြီ ၉ ရက် ညက လေကြောင်းဗုံးကြဲခံရလို့ မိသားစုဝင်ခြောက်ဦး သေဆုံးသွားပါတယ်။
2025-04-09
ငလျင်ဘေးအပါအဝင် နောက်ဆုံးရ မြန်မာသတင်းများ။
2025-04-09
စာဖြေဌာနပြိုကျလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ခြေပြတ်၊လက်ပြတ် ဦးဇင်း နဲ့ ကိုရင်တွေအပါဝင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ ဆေရုံတင်ထားရတဲ့ ဦးဇင်းနဲ့ ကိုရင် ၄၇ ပါးရှိတယ်လို့လဲ မိန့်ပါတယ်။
2025-04-09
ကုလအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံခရီးစဉ်မှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေး မှုတွေလုပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဧပြီလ ၃ ရက်မှာ ပြောဆိုထားပါတယ်။
2025-04-09
ပရဟိတအဖွဲ့တွေဟာ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ခွင့်ရတာပါ။
2025-04-09
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ ၉ ရက်နေ့အထိ တရုတ်နိုင်ငံသား ခြောက်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2025-04-09
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလေးပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက မတ်လ ၂၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။
2025-04-08
ငလျင်ဘေးအပါအဝင် နောက်ဆုံးရ မြန်မာသတင်းများ။
2025-04-08
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၄၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၅၀၁၇ ဦးရှိလာပါတယ်။
2025-04-08
အရပ်ဘက်အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းရင် သူတို့ကိုထောက်ပံ့ကူညီနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာက အလှူရှင်တွေရဲ့ ယုံကြည်မှုကျဆင်းမှာ၊ အမှန်တကယ် အကူအညီလိုအပ်နေသူတွေဆီ မရောက်မှာကို စိုးရိမ်နေကြတာပါ။