ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ကျော်ရှိလာကြောင်း စစ်ကောင်စီထုတ်ပြန်

RFA Burmese
2025.04.08
ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ကျော်ရှိလာကြောင်း စစ်ကောင်စီထုတ်ပြန် မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Sky Villa အဆောက်အအုံမှ ရုပ်အလောင်းတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က သယ်ထုတ်လာကြစဉ်။
Myanmar Fire Services Department

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၄၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၅၀၁၇ ဦးရှိကြောင်း စစ်ကောင်စီက ဧပြီလ ၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေသူ ၁၄၈ ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးရောက်ရှိနေပြီလို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ငလျင်ဘေးဒဏ်သင့် ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ အမှန်တကယ် သေဆုံး၊ ထိခိုက်သူအရေအတွက်ဟာ စစ်ကောင်စီ ထုတ်ပြန်တဲ့အရေအတွက်ထက် ပိုများနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် အချိန်နှစ်ပတ်နီးပါးကြာလာတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။