တော်လှန်ရေးအောင်ပွဲရတဲ့အထိ စည်းလုံးညီညွတ်ကြမယ်လို့ ညီနောင်အဖွဲ့ ကတိပြု

2025.04.10
တော်လှန်ရေးအောင်ပွဲရတဲ့အထိ စည်းလုံးညီညွတ်ကြမယ်လို့ ညီနောင်အဖွဲ့ ကတိပြု AA,MNDAA,TNLA ညီနောင်သုံးဖွဲ့ ဖွဲ့စည်း။
TNLA

အခက်အခဲ နဲ့ ဖိအား ပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ အတူတကွဖြတ်ကျော်ပြီး တော်လှန်ရေးအောင်ပွဲ ရောက်တဲ့ အထိ ခိုင်မာတဲ့ မဟာမိတ်ညီနောင်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်ကြမယ်လို့ ကိုးကန့်တပ် (MNDAA) နဲ့ တအာန်းတပ်မတော် (TNLA) တို့က ဧပြီ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အာရက္ခတပ်တော် AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၆) နှစ်ပြည့်အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထား တာပါ။

ရခိုင်လူမျိုးတွေရဲ့ အိမ်မက်အတွက် နည်းလမ်းပေါင်းစုံ ပေးဆပ် ပါဝင်နေကြတဲ့ ရခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း နဲ့ AA ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ရခိုင်ပြည်သူတွေရဲ့ လက်ထဲကို မကြာခင်အချိန်အတွင်း မလွဲမသွေ ရောက်ရှိတာ့မှာဖြစ်တယ်လို့လည်း ညီနောင် ၂ ဖွဲ့က ဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဖြစ်တဲ့ AA, MNDAA နဲ့ AA တို့ ကမကထပြုပြီး တခြားမဟာမိတ် တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေ အတူ အကောင်အထည်ဖော်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး အစပြု စစ်ဆင်ရေး ဖြစ်ခဲ့ပြီး ပြည်သူအားလုံးရဲ့ ထောက်ခံမှု နဲ့ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မဲ့ ခြေလှမ်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။