သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-31
ဧရာဝတီသတင်းဌာန တာဝန်ရှိသူတွေကတော့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သူတို့ သတင်းဌာနကို ပြည်တွင်းမှာ ဆက်လက်မလည်ပတ်တော့သလို စစ်ကောင်စီရဲ့ ဒီကြေညာချက်အပေါ်မှာလည်း အံ့သြစရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
2022-10-31
အောက်တိုဘာလ ၁၇ ရက်နေ့က မုံရွာထောင်နဲ့ မန္တလေးထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလုပ်ကြမ်း ခိုင်းစေခဲ့ပြီး ငြင်းဆန်သူတွေ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတယ်လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2022-10-30
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ဒေသခံသုံးဦးသေဆုံးခဲ့သလို ရွာပေါင်း ၁၀ ရွာက ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မိုးဗြဲဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2022-10-29
လုံခြုံမှုမရှိတဲ့အခြေအနေမှာပဲ မွန်ပြည်နယ်မှာ လာမယ့်ပွင့်လင်းရာသီမှာ ဇာတ်သဘင်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ပြင်ဆင်နေကြပါတယ်။
2022-10-29
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့်က မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပေမယ့် ဒါဟာ အာဆီယံအပေါ် အပြစ်တင်တဲ့သဘော မဟုတ်ကြောင်းလည်း ပြောသွားပါတယ်။
2022-10-29
ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းရော၊ မြေပြင်ကပါ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ပါတယ်။
2022-10-28
မြန်မာစစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အကူအညီနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ချေမှုန်းဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
2022-10-28
ဒုက္ခသည်တွေတိုးလာပေမယ့် နိုင်ငံတကာ အကူအညီတွေ ထပ်တိုးမရတာကြောင့် သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကရင်အဖွဲ့အစည်းတွေ စုပေါင်းပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2022-10-28
NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုတစ်ခုထဲအောက်ကနေ တိုက်ပွဲအတူဝင်နိုင်ဖို့အတွက် အခြားဒေသတွင်း တော်လှန် ရေးအဖွဲ့တွေ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
2022-10-28
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့အဖွဲ့နဲ့ ကဗျာဆရာ တော်လှန်ရေးသမား မောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြား စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီကြောင်း ကြေညာချက်တစ်စောင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။
2022-10-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကေအိုင်အေ တပ်မဟာ (၉)ထိန်းချုပ်နယ်မြေမှာ အနန့်ပါမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေအတွက် ဆုတောင်းပွဲတွေ နဲ့ဆေးကုသပေးမှုတွေ မလုပ်ဖို့ စစ်ကောင်စီဘက်က ကန့်သတ်ထားပါတယ်။
2022-10-28
အိုမန်နိုင်ငံကိုရောက်နေတဲ့ အမျိုးသမီးအားလုံးနီးပါးဟာ အလုပ်ချိန် မတရားခိုင်းစေတာ၊ နားရက်မရတာ၊ အစားအသောက် ပုံမှန်မစားရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
2022-10-28
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇာတိ ကျောက်ဆည်ခရိုင်တစ်ခုတည်းမှာတင် ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၊ ကျောက်ဆည်တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ဆိုပြီး အဆင့်မြင့်ပညာ တက္ကသိုလ်နဲ့ သိပ္ပံကျောင်း လေးခု ရှိပါတယ်။
2022-10-27
အာဖဂ္ဂဂန်၊ အီရန်၊ တရုတ်၊ မြောက်ကိုးရီးယား စတဲ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်ကသတ်မှတ်ထားပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဘာသာရေးကို နိုင်ငံရေးအရ ပိုအသုံးချလာနေတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2022-10-27
ချင်းပြည်နယ်အတွင်း ဆေးဝါး၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တင်သွင်းမှုကို ကန့်သတ်ထားလို့ ပလက်ဝ၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေက ဒေသခံတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့နေပါတယ်။