သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-21
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ ပေါက်တောပြင်ကျေးရွာနားမှာ အလုပ်လုပ်နေတဲ့ ရွာသား အယောက် ၂ဝ နီးပါးကို တပ်မတော်စစ်ကြောင်းတခုက မနေ့နေ့လည်က ဖမ်းဆီးသွားခဲ့သလို ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြပါတယ်။
2019-06-20
H1N1 ဟာ ဗိုင်းရပ်စ်တွေ အသွင်ပြောင်းပြီး ရာသီတုပ်ကွေးအသွင် ဖြစ်လာတာမို့ နောင်မှာ ဘယ်လို ဗိုင်းရပ်စ်အသစ်တွေ ပေါ်လာမလဲဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် မပြတ်စောင့်ကြည့်ပြီး ကာကွယ်ဆေးသစ်ထုတ်ဖို့လိုတယ်လို့ ပညာရှင်က ပြောပါတယ်။
2019-06-20
မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ကိုင်တွယ်ဆောင်ရွက်ချက်တွေ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါအဝင် ထိပ်တန်းအရာရှိကြီးတွေ ရာထူးကနေ နုတ်ထွက်ပေးဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2019-06-19
H1N1 တုပ်ကွေးဟာ ဝက်နဲ့တိုက်ရိုက်ထိတွေ့လို့ ရောဂါရတာမို့ ဝက်တုပ်ကွေးလို့ တချိန်က ခေါ်ပေမယ့် ခုပေါ်ပေါက်နေတဲ့ H1N1 ရာသီတုပ်ကွေးဟာ ဝက်နဲ့ မထိတွေ့ဖူးတဲ့ လူတွေမှာ ကူးစက်ဖြစ်ပွားတာပါ။
2019-06-19
မြန်မာနိုင်ငံက တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေစုပေါင်းပြီး အမျိုးသား မဟာမိတ်အဖွဲ့ကို ဝါရှင်တန်ဒီစီမြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။
2019-06-18
မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တာဝန်ပေးချက်အရ ဆောင်ရွက်တဲ့ လေ့လာချက်မှာ မြန်မာနိုင်ငံအရေး ဆောင်ရွက်တဲ့ ကုလသမဂ္ဂအရာရှိတွေဟာ မအောင်မြင်ဖြစ်ရတယ်လို့ သုံးသပ်ထားပါတယ်။
2019-06-18
ရိုဟင်ဂျာဒုက္ခသည်အရေး ကုလသမဂ္ဂရဲ့ မအောင်မြင်တဲ့ဆောင်ရွက်ပုံစနစ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ Human Rights Watch နိုင်ငံတကာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2019-06-18
တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကက ဆုံးဖြတ်ထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)ရဲ့ ညီလာခံကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သတ်ပုံက ငွေကျပ် သိန်း ၃ဝဝ လာရောက် လှူဒါန်းခဲ့ပါတယ်။
2019-06-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို မြန်မာအစိုးရဘက်က ပြန်လည်ခေါ်ယူဖို့ တွန့်ဆုတ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောထားသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်က ပြန်လက်မခံချင်တာကြောင့် လက်ခံရေးအစီအစဉ်တွေ ဘာတစ်ခုမှ ဖြစ်မလာဘူးလို့ ပြစ်တင်ပြောဆိုနေကြပါတယ်။
2019-06-18
လက်ရှိအစိုးရလက်ထက်မှာ တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာပျက်စီးအောင် ပြုလုပ်နေတဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ အဲလို ပြုလုပ်နေတဲ့သူတွေကို မဲမပေးဖို့အပါအဝင် ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ မဘသ ထုတ်ပြန်ချက်အပေါ် အမြင်တွေကို စုစည်းတင်ပြထားပါတယ်။
2019-06-18
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရမှုတွေ၊ တစ်နေ့တခြား များပြားလာနေပါတယ်။
2019-06-18
လက်ရှိကမ္ဘာတဝှမ်းမှာ စီးပွားရေးတိုးတက်မှု အလားအလာနှေးကွေးနေပေမယ့် မြန်မာ့စီးပွားရေးကတော့ ၂ဝ၁၈ ခုနှစ်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရာကနေ တဖြည်းဖြည်းတည်ငြိမ်ပြီး ပြန်အရှိန်ရလာပေမယ့် နိုင်ငံတကာက သက်ရောက်လာနိုင်တဲ့ ဖိအားတွေကြောင့် ထိခိုက်လာနိုင်ခြေရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။
2019-06-17
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ စိစစ်မှုတွေ လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။
2019-06-17
သာသနာတော်ကို အလေးမထား၊ ဝိနည်းတွေကို မစောင့်ထိန်းဘဲ ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ ဝရမ်းပြေးဖြစ်နေသူကို ဆရာတော်လို့ မခေါ်ထိုက်တဲ့အကြောင်း သာသနာရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-06-14
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုဟာ ဂယက်အရိုက်ခတ်ဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ လူတစ်ဦးချင်းဝင်ငွေကို အခြေခံပြီး မီတာခနှုန်းထားပြောင်းလဲသတ်မှတ်ဖို့ အစီအစဉ်တစ်ခု ပြင်ဆင်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။