အစိုးရကိုရတဲ့နည်းနဲ့ ဖယ်ရှားဖို့ မဘသ ထုတ်ပြန်ချက်အပေါ် အမြင်များ
2019.06.18

လက်ရှိအစိုးရလက်ထက်မှာ တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာပျက်စီးအောင် ပြုလုပ်နေတဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ အဲလို ပြုလုပ်နေတဲ့သူတွေကို မဲမပေးဖို့အပါအဝင် ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက မနေ့ကကျင်းပတဲ့ ညီလာခံကနေ တိုက်တွန်းချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
ဒီလို သဘောထားထုတ်ပြန်ချက်အပေါ် NLD ပါတီပြောခွင့်ရသူ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။