သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-12
လတ်တလောကာလအတွင်း ပျူစောထီးအဖွဲ့ဆိုပြီး ပြည်သူတွေကို အရပ်ဝတ်နဲ့ လိုက်လံဖမ်းဆီးနေတဲ့ လက်နက်ကိုင်အဖွဲ့တခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အဖွဲ့မှာ တပ်မတော်အငြိမ်းစားတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ အရင် မဘသ အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ထဲက ဒလန်သူလျှိုတွေ ပါဝင်တယ်လို့ သတင်းထွက်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သူတို့ကို ဦးစားပေး ရှင်းလင်းသုတ်သင်မယ်လို့ ပြောပါတယ်။
2021-05-11
မြန်မာနိုင်ငံအတွင်း လူမှုကူညီရေး စေတနာ့ဝန်ထမ်း လုပ်ကိုင်နေကြတဲ့ အဖွဲ့ အစည်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လွတ်လပ်လပ်ကူညီခွင့်တွေ မရတော့ဘဲ တရားမဝင် မြေအောက်အဖွဲ့အစည်းတွေလို လှုပ်ရှားနေကြရပါတယ်။ စားဝတ်နေရေးခက်ခဲလာသူတွေကို ကူညီကြတဲ့သူတွေလည်း ဖမ်းဝရမ်းထုတ်ခံရတာ၊ ကူညီမှုတွေ လုပ်ခွင့်မပေး တာတွေ ကြုံနေရပါတယ်။
2021-05-11
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာကို အလိုမရှိကြောင်း သတ်ဖြတ်တာတွေ ချက်ခြင်းရပ်ဖို့ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တော်၊ မြန်မာလမ်းမှာ ကြွေးကြော်နေ ကြပါတယ်။ သတ်ဖြတ်တာတွေ ချက်ခြင်းရပ်၊ ဆိုတဲ့ အသံတွေ ညံနေပါတယ်။ အမိမြေက နွေဦးတော်လှန်ရေးကို ထိုင်ဝမ်ရောက် မြန်မာတွေ ပါဝင်နေကြတာပါ။
2021-05-10
KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက လက်ရှိမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတယ်။ သူတို့ အဖွဲ့အနေနဲ့ NCA မူဘောင်အတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ မေလ ၁ဝ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2021-05-06
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာနဲ့ ဆက်စပ်လို့ စစ်ဗိုလ်ချုပ်တွေကို အနောက် နိုင်ငံတွေက ပစ်မှတ်ထား အရေးယူပြီး စစ်တပ်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်ပေမဲ့ အာရှနိုင်ငံ တွေက စစ်ကောင်စီကို အရေးယူမယ့် အနေအထားမှာ မရှိနိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
2021-05-06
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၃ လကျော်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာပဲ ကိုဗစ်ရိုက်ခတ်မှုဒဏ်နဲ့ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သူဦးရေ တိုးလာနေပါတယ်။
2021-05-06
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲဖြစ်ပွားလာတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေက စာသင်ခန်းထဲနေရမယ့် လူငယ်တွေ၊ အကြမ်းမဖက်တဲ့ နည်းနဲ့ မတရားမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ်ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဝန်ထမ်းတွေ လက်နက်ကိုင်မယ့်လမ်းကို ရွေးချယ်ဖို့ တွန်းပို့လိုက်ပါတယ်။
2021-05-06
စစ်တပ်က အာဏာသိမ်းပြီးနောက် အသေအပျောက် အဖမ်းအဆီးစာရင်းတွေကို မှတ်တမ်းတင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ကနဦးစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့သူ အယောက် ၄၀ ကျော်ရှိ နေပါတယ်။
2021-05-02
ကမ္ဘာမှာ အကြပ်အတည်းဆိုက်နေရတဲ့ နိုင်ငံတွေအတွက် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးအစီအစဉ် ရှိသလို၊ ESS ခေါ် အထူးအရေးပေါ် အခြေအနေ အတွက် သုံးစွဲနိုင်တဲ့ အခွင့်အလမ်းတရပ်လည်း ရှိနေ ပါတယ်။
2021-04-30
အမျိုးသမီးတွေအပေါ် စစ်ကောင်စီက အကြမ်းဖက် နှိပ်စက်တာတွေဟာ ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး ဒီပြစ်မှုတွေကို နိုင်ငံတကာခုံရုံးထိ ရောက်အောင် အလျင်အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2021-04-30
NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၁၀ဖွဲ့ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က မြန်မာနိုင်ငံတွင်းက ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းများရှာ ဆောင်ရွက်မယ်ထုတ်ပြန်ထားပြီး CRPH အဖွဲ့အပေါ် ဆက်စပ်ပံ့ပိုးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုးတက်မှု ခြေလှမ်းလို့ကြေညာထားပါတယ်။
2021-04-30
အနောက်နိုင်ငံတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်းတွေ သိသိသာသာလျှော့သွားပေမယ့် အရှေ့တောင် အာရှ နိုင်ငံတွေမှာ ကိုဗစ်ကြောင့် ရောဂါကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းတွေပါ မြင့်မားနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
2021-04-28
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင်တချို့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေပါတယ်။
2021-04-27
မြန်မာနိုင်ငံဟာ အာရှရဲ့ ဆီးရီးယားဖြစ်လာနိုင်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးချက်တွေ ရှိနေပေမဲ့ - မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကနေ အင်တိုက်အားတိုက် ကူညီတာ မတွေ့ရဘူးလို့ Free Burma Rangers က ဝေဖန်လိုက်ပါတယ်။ ဘာကြောင့်ပါလဲ ..... ။
2021-04-26
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီရေးတောင်းဆိုသူတွေကို အကြမ်းဖက် နှိမ်နင်း သတ်ဖြတ်နေရုံတင်မက အင်တာနက်ဖြတ်တောက်မှုတွေ၊ ပြည်သူတွေရဲ့ တယ်လီဖုန်းသုံးစွဲမှုတွေကိုလည်း သံသယကြီးကြီးနဲ့ အရေးယူဖိနှိပ်နေတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်း လွတ်လပ်ခွင့်တွေ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေပါတယ်။