သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-20
"သူတို့ရဲ့ လှည့်ကွက်ပဲ၊ ကြိုးစားနေတဲ့ ကလေးတွေ (PDF)တွေကို သူတို့က နာမည်ဖျက်ချင်တာ၊ ဘာသာရေးဆို လူတိုင်းက ကိုယ့်ဘာသာကိုယ်တန်ဖိုးထားတယ်လေ၊ ဒါကို အချင်းချင်းမသင့်မြတ်ဖြစ်အောင် အကွက်ဆင်တယ်လို့မြင်တယ်"
2022-05-20
ရောင်းချပြီးသား တယ်လီနော (မြန်မာ) ရဲ့ ပြည်တွင်းလုပ်ငန်းတွေကို စစ်တပ်နဲ့နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တရားဝင်လွှဲပြောင်းယူခဲ့တဲ့ အခု မေလထဲမှာပဲ မိုဘိုင်းလ်ဖုန်းတွေရဲ့ International Mobile Equipment Identity (IMEI) နံပါတ်တွေကို စနစ်တကျ မှတ်ပုံတင်ခိုင်းဖို့ စစ်ကောင်စီက စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
2022-05-20
စစ်ကောင်စီဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ပညာရေးကဏ္ဍ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီဆိုတာ ပြသဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်ကစပြီး နိုင်ငံအနှံ့က အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပါတယ်။
2022-05-19
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ NUG အဖွဲ့ဝင်တွေဟာ မေလ ၁၄ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံပြီး အစည်းအဝေးတစ်ခု ပြုုလုပ်ခဲ့ပါတယ်။
2022-05-19
ဩစတြေးလျနဲ့ ဗြိတိန်အပါအဝင် နိုင်ငံတကာအစိုးရတွေဟာ စစ်ကောင်စီကို အသိအမှတ် မပြုကြောင်း ပြသတဲ့အနေနဲ့ သူတို့ရဲ့ သက်တမ်းပြည့်သွားတဲ့ သံအမတ်တွေနေရာမှာ အသစ်ထပ်မခန့်ဘဲ သံရုံးယာယီ တာဝန်ခံတွေနဲ့သာ အဆင့်နှိမ့်ဆက်ဆံဖို့ လုပ်ဆောင်လာပါတယ်။
2022-05-18
ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းမီဒီယာတွေကို အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
2022-05-18
ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို မနေ့ကလက်ခံရယူခဲ့တဲ့ ဒေါက်တာစင်သီယာမောင်က ဒီဆုဟာ မိမိတို့အတွက် ခွန်အားတစ်ခုဖြစ်တဲ့အပြင် မြန်မာပြည်ရဲ့ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်မှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတာလည်းဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
2022-05-18
စစ်လက်နက်အင်အားပြည့်စုံတောင့်တင်းတဲ့ စစ်တပ်ကို ပြန်လည်ခုခံနေရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စမ်းတဝါးဝါးနဲ့ စမ်းသပ်ထုတ်လုပ်လို့ရတဲ့ လက်လုပ်လက်နက်ပစ္စည်းတွေကိုသာ အဓိက အားထားနေရတာပါ။
2022-05-18
စစ်ကိုင်းတိုင်းရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ ကလေးမြို့နယ်ဟာ ချင်းပြည်နယ်နဲ့ နီးကပ်ပြီး ကလေး-တီးတိန် လမ်းမကြီးရဲ့ အဓိကအရေးပါတဲ့ ဒေသဖြစ်တာကြောင့် ကလေးမြို့ဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကိစ္စတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။
2022-05-18
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးချဖို့ လက်နက်ကိုင် ပျူစောထီးတွေကို စစ်တပ်က တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်ဆောင်လာပါတယ်
2022-05-18
နားလည်မှုနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးအခြေအနေတွေ တင်းမာနေပြီး အချိန်မရွေး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-05-17
ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းပြီး စစ်တပ်က ထပ်အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ တခြားနိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့မူ စွဲကိုင်နိုင်ခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းလိုက်ပြီးတဲ့နောက် မူအပြောင်းအလဲ ဖြစ်လာပါတယ်။
2022-05-17
HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဩစတြေးလျနဲ့ မြန်မာစစ်ကောင်စီကြား ထိတွေ့ညှိနှိုင်းမှုဟာ မြန်ဆန်လွန်းတာကြောင့် ထိထိရောက်ရောက် မရှိဘဲဖြစ်ခဲ့ပြီး စစ်ကောင်စီအပေါ် စီးပွားရေးနဲ့သံတမန်ရေး ဖိအားပေးတာတွေကတော့ နှေးကွေးလွန်းနေကြောင်း ပြောဆိုပါတယ်။
2022-05-17
Similac နို့မှုန့်ဟာ အမေရိကန်မှာတင်မက ကမ္ဘာ့တဘက်ခြမ်းက မြန်မာပြည်လို နိုင်ငံတွေအထိ ထင်ရှားတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ မွေးစအရွယ်ကနေ ကလေးနို့ပြတ်တဲ့အထိ သူ့တစ်မျိုးတည်းကိုပဲ အဆင့်လိုက် တိုက်ကျွေးရတဲ့ နို့မှုန့်ဖြစ်တာကြောင့်လည်း မိဘတွေဟာ အတော်လေး ဒုက္ခရောက်ကြပါတယ်။
2022-05-17
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်တစ်နှစ်ကျော်အတွင်း အရပ်သား သေဆုံးမှုဟာ ၅၆၄၆ ဦးထက်မနည်း ရှိလာနေတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ပြောပါတယ်။