သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-22
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသမှာ ဒီနှစ်ပိုင်းတွေအတွင်း မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိနေပါတယ်။ နိုင်ငံအရှေ့ပိုင်းကထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို နိုင်ငံ အနောက်ပိုင်းမှာ အမြောက်အမြား ဖမ်းမိနေတာကြောင့် အဆင့်ဆင့်ဖြတ်သန်းလာတဲ့ လမ်းကြောင်းပေါ်က တရားဥပဒေစိုးမိုးမှုကို ဒီထက် စနစ်တကျ တင်းကြပ်ပေးဖို့ ပြည်နယ်အတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုနေကြပါတယ်။
2018-10-22
KNPP ကရင်နီပြည်တိုးတက်ရေးပါတီနဲ့ မြန်မာအစိုးရစစ်တပ်အကြား မကြာသေးခင် ရက်ပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်တင်တာတွေ ရှိနေပါတယ်။
2018-10-22
အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေက… သူတို့ကို မြန်မာနိုင်ငံပြန်ပို့မယ်ဆိုရင် နေထိုင်ရေး လုံခြုံစိတ်ချရေးနဲ့ နိုင်ငံသားပေးရေးတွေအတွက် အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းဖို့ တင်ပြတောင်းဆိုတာတွေ ရှိနေပါတယ်။
2018-10-22
၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲဆန္ဒနယ်နှစ်ခုမှာ ရွေးကောက်ပွဲအောင်နိုင်ခြေ နည်းတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။
2018-10-22
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းဘာဂနာဟာ မြန်မာနိုင်ငံကို တတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ဝ ရက်ကနေ ၂ဝ ရက်နေ့အထိ ၁ဝ ရက်ကြာ ရောက်ရှိခဲ့ပါတယ်။ ခရီးစဉ်အပြီးမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2018-10-22
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးမှာစစ်ဆေးခဲ့တဲ့ တရားခံတွေကို ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ် တရားရုံးက စစ်ဆေးဆုံးဖြတ်ခဲ့တာ မရှိဘူးလို့ ရခိုင်ပြည်နယ် တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က ပြောလိုက်ပါတယ်။
2018-10-21
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ နာမည်တပ်ပြီး တရားမဝင်ဖွင့်လှစ်ထားတဲ့ဆေးရုံကို ချိတ်ပိတ်ပြီး ဆေးရုံမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၆ဦးနဲ့ မြန်မာနိုင်ငံသား ၃ဦးကို အမှုဖွင့်ဖမ်းဆီးထားပါတယ်။
2018-10-21
မြန်မာပြည်ငြိမ်းချမ်းရေးကို နှောင့်နှေးကြန့် ကြာအောင်လုပ်နေသူတွေ ၊ ဝေဖန်တဲ့သူတွေရှိနေပြီး နိုင်ငံဖွံ့ ဖြိုးတိုးတက်သွားမှာကို စိုးရိမ်နေကြသူတွေ ရှိနေတယ်လို့ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီကနေ့ မိုးကုတ် မြို့ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
2018-10-21
ဒီနှစ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်မတော်တဆမှု ၅ မှု ရှိခဲ့ပြီး မြန်မာအလုပ်သမား အယောက် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ကြံ့ခိုင်မှုအားနည်းတဲ့ မှန်လုံယာဉ်အသေးတွေကို မစီးဘဲ ကြံ့ခိုင်မှုကို အမြဲစစ်ဆေးနေတဲ့ ယာဉ်ကြီးတွေကိုသာ စီးကြဖို့ မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
2018-10-21
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ စည်ပင် တာဝန်ရှိသူတွေထဲက အဂတိလိုက်စားမှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားထားတဲ့ ဒေါ်ညိုညိုသင်းရဲ့တိုင်ကြားစာကို အရေးယူဖို့ မရှိသေးဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-10-20
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ အောက်တိုဘာလ ၁၉ ရက် မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2018-10-19
ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2018-10-19
ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပနေတဲ့ “အာရှ-ဥရောပဆွေးနွေးပွဲ” မှာ... မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို အလေးထား ဆွေးနွေးသွားဖို့ရှိတယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာအကြီးအကဲက ပြောလိုက်ပါ တယ်။
2018-10-19
ရန်ကုန်တိုင်းဒေသကြီးအတွင်း တပ်မတော်က ပြန်စွန့်လွှတ်ထားတဲ့ လယ်မြေဧက တစ်ထောင်နီးပါးကို မူလပိုင်ရှင်လယ်သမားတွေဆီ မြေပြန်မပေးဘဲ လျော်ကြေးပဲပြန်ပေးဖို့ တိုင်းအစိုးရက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဆွေးနွေးတာကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။
2018-10-19
ကြံ့ခိုင်ဖ့ွံဖြိုးရေးပါတီ အစိုးရလက်ထက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၅သောင်း၂ ထောင်ကို ဒီနေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်း ပြန်ပေးဖို့ လက်ရှိ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။