မြန်မာအစိုးရကိုဖိအားပေးဖို့ အိန္ဒိယရောက်ရိုဟင်ဂျာတွေ အိန္ဒိယအစိုးရကိုတောင်းဆို


2018.10.22

အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေက… သူတို့ကို မြန်မာနိုင်ငံပြန်ပို့မယ်ဆိုရင် နေထိုင်ရေး လုံခြုံစိတ်ချရေးနဲ့ နိုင်ငံသားပေးရေးတွေအတွက် အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းဖို့ တင်ပြတောင်းဆိုတာတွေ ရှိနေပါတယ်။

ပြန်လာတဲ့သူတွေအနေနဲ့ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရမှာဖြစ်သလို လုံခြုံရေးအတွက်လည်း စိုးရိမ်စရာမလိုဘူးလို့ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူက ပြောပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။